မူဆယ်တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူ ၃၈ ဦးကို သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, May 18, 2026

မူဆယ်တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူ ၃၈ ဦးကို သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီး


ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူ ၃၈ ဦးကို လိမ်လည်မှု ကျူးလွန်းရာတွင် အသုံးပြုသည့် သက်သေခံပစ္စည်းများနှင့်အတူ မေ ၁၇ ရက် ညနေပိုင်းက ဖမ်းဆီးရမိကြောင်း သိရသည်။

.

လုံခြုံရေး ပူးပေါင်းအဖွဲ့များသည် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ နေအိမ် တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၄ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသား ၂၅ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၃၈ ဦးတို့အား ဖုန်းမျိုးစုံ ၁၅၅ လုံး၊ All In One ကွန်ပျူတာ ၃၀ လုံး၊ တရုတ်ငွေ ယွမ် ၁၀၀၀၀၊ မြန်မာငွေ ၁၀ သိန်းကျပ်နှင့် Crown အမျိုးအစား မော်တော်ယာဉ် ၂ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ထို့အပြင် အဆိုပါရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးမှ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူ မြန်မာနိုင်ငံသား အမျိုးသား ၄ ဦးအား ဖုန်းမျိုးစုံ ၉၅ လုံး၊ Laptop ၁ လုံး၊ Wifi စက် ၂ လုံးတို့နှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။

.

အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံး ပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

#KBZTai #Shan #Muse

No comments:

Post a Comment

Pages