မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်သည့် မေလအတွက် ယူရီးယားမြေဩဇာ (ကီလို ၅၀) တစ်အိတ်၏ ရန်ကုန်အထိုင် လက်ကား ရည်ညွှန်းဈေး ကျပ် ၆၀၀၀၀ ကျော် မြင့်တက်သွားပြီး တောင်သူများအတွက် အခက်အခဲ ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။
.
ပြီးခဲ့သည့် ဧပြီလက ယူရီးယားမြေဩဇာ အိတ်ကြီးတစ်အိတ်အတွက် ရည်ညွှန်းဈေးမှာ ၉၄၀၀၀ ကျပ်သာ ရှိခဲ့ရာမှ ယခု မေလ ရည်ညွှန်းဈေးမှာ ၁၅၇၀၀၀ ကျပ် အထိ ဈေးနှုန်း မြင့်တက်သွားခြင်းဖြစ်သည်။
.
ရှမ်းပြည်နယ်တောင်ပိုင်း ဈေးကွက်တွင်မူ ယူရီးယား မြေဩဇာ (၅၀ ကီလို) တစ်အိတ်လျှင် ၁၆၀၀၀၀ မှ ၁၈၀၀၀၀ ကျပ် အထိ ရှိနေပြီး ဈေးနှုန်းထပ်တက်ရန် ရှိနေကြောင်း သိရသည်။
.
“သီးနှံဈေးကပါ မကောင်းလို့ တောင်သူတွေအတွက် အရမ်းခက်ခဲစေပါတယ်။ စိုက်ပျိုးစရိတ်က မြင့်တက် သွားတော့ လျှော့စိုက်တာမျိုး စဉ်းစားလာကြတယ်။ စရိတ်မြင့်ပြီး ဈေးက မရေရာတော့ အမြတ်ရဖို့ မသေချာ ကြဘူး။ အရင်းအနှီးနည်းတဲ့ တောင်သူတွေကတော့ အကြွေးယူကြရမှာဆိုတော့ အကြွေးသံသရာ ဆက် လည် ကြဦးရမယ့်အဖြစ်ပဲ။ ဆီကပါ ခက်ခဲနေလို့ တောင်သူတွေ စိတ်ညစ်နေကြတာပါ” ဟု ရှမ်းတောင်ရှိ စိုက်ပျိုးရေး ပညာရှင်တစ်ဦးက သုံးသပ်ပြောဆိုသည်။
.
ယင်းကဲ့သို့ ယူရီးယားမြေဩဇာ ဈေးနှုန်းမြင့်တက်လာမှုကြောင့် သီးနှံမျိုးစုံကို ထိခိုက်စေနိုင်ပြီး ယူရီးယား အဓိက အသုံးပြုရသည့် စပါး၊ ပြောင်း၊ ဟင်းသီးဟင်းရွက်စိုက် တောင်သူများအတွက် ပိုမိုခက်ခဲလာနိုင် ကြောင်း ၎င်းက သုံးသပ်ပြောဆိုခဲ့သည်။
.
အဆိုပါ သတ်မှတ်ထားသော ရည်ညွှန်းဈေးမှာ ရန်ကုန်အထိုင် လက်ကားဈေးနှုန်းသာဖြစ်ပြီး နယ်မြို့များ အတွက်မှာ ဒေသအလိုက် သယ်ယူပို့ဆောင်စရိတ်အပေါ် မူတည်ကာ ဈေးနှုန်းကွားခြားမှု ရှိနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
#KBZTai #Shan #Taunggyi #Acriculture
.

No comments:
Post a Comment