ရာသီကုန် ရပ်တည်မှု ခန့်မှန်းချက်ကြောင့် လှောင်ပြောင်ခံနေရတဲ့ ကာရေဂါ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, May 18, 2026

ရာသီကုန် ရပ်တည်မှု ခန့်မှန်းချက်ကြောင့် လှောင်ပြောင်ခံနေရတဲ့ ကာရေဂါ



လီဗာပူးလ်အသင်းရဲ့နောက်ခံလူဟောင်း တစ်ယောက်လည်း ဖြစ်၊ ဘောလုံးပွဲ သုံးသပ်သူ တစ်ယောက်လည်း ဖြစ်တဲ့ ကာရေဂါကတော့ ပရီးမီးယားလိဂ်ရဲ့ ရာသီကုန် ရပ်တည်မှု ခန့်မှန်းချက်တွေကြောင့် အခုအချိန်မှာ ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံနေရပါပြီ။
.
ပရီးမီးယားလိဂ် ရာသီအစပိုင်းမှာ ကာရေဂါက ဒီနှစ် ပရီးမီးယားလိဂ် ချန်ပီယံဆု ဘယ်အသင်း ဖြစ်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး အခုလို သုံးသပ်ပေးသွားတာပါ။
ကျွန်တော့်ရဲ့ ထိပ်ဆုံး ၆ သင်း ခန့်မှန်းချက်ကို ပြောရရင်ပေါ့ဗျာ၊ လီဗာပူးလ်ကတော့ နံပတ် ၁ နဲ့ ဒီရာသီကို သိမ်းမှာပါ။ ဒုတိယ နေရာမှာတော့ ထုံးစံအတိုင်း အာဆင်နယ်ပေါ့၊ မန်စီးတီးက တတိယဗျာ၊ ချယ်လ်ဆီးက စတုတ္တ၊ စပါးနဲ့ နယူးကာဆယ်က ၅ နဲ့ ၆ နေရာတွေမှာပေါ့”
မန်ယူက ဘယ်နား ရောက်နေမလဲဆိုတော့ ပြောရရင် အဆင့် ၉ လောက်နဲ့ ပြီးသွားမယ်ထင်ပါတယ်”
.
ကာရေဂါရဲ့ ဒီ ခန့်မှန်းချက်ကြီးက လက်ရှိအချိန်မှာ အွန်လိုင်းပေါ် ပြန်လည်ပျံ့နှံ့လာခဲ့ပြီး မန်ယူ ပရိသတ်တွေက ကာရေဂါကို လှောင်ပြောင်နေကြတာပါ။
.
လက်ရှိ အချိန်မှာတော့ ပရီးမီးယားလိဂ်ရာသီကုန်ဖို့ ပွဲစဉ်အနည်းငယ်သာ လိုတော့ပြီး မန်ယူက အဆင့် ၃ နေရာမှာ သေချာသွားပြီ ဖြစ်သလို ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်မယ်လို့ ကာရေဂါ ခန့်မှန်းခဲ့တဲ့ လီဗာပူးလ်က ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာအတွက် ဘုန်းမောက်အသင်းနဲ့ လုရဖို့ ဖြစ်နေပါတယ်။
ဒါ့အပြင် အဆင့် ၅ ရမယ်လို့ ခန့်မှန်းထားတဲ့ စပါးက တန်း မဆင်းရဖို့ ရုန်းကန်နေရပြီး ချယ်လ်ဆီးနဲ့ နယူးကာဆယ်ကလည်း လာမယ့်ရာသီမှာ ဥရောပပြိုင်ပွဲ ကစားရဖို့တောင် မသေချာပါဘူး။

.
#KBZTai #Shan #Football

No comments:

Post a Comment

Pages