.
၂၀၂၆ ခုနှစ်၊ မေလ ၁၉ ရက်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊
တာချီလိတ်မြို့နယ်စာရေးဆရာအသင်း၏ အလုပ်အမှုဆောင်အဖွဲ့သစ် ရွေးချယ် တင်မြှောက်ပွဲကို
ယနေ့ မေ ၁၉ ရက် ညနေပိုင်းက မကာဟိုခမ်းရပ်ကွက်ရှိ မြို့နယ်စာရေးဆရာအသင်းရုံး၌ ပြုလုပ်ခဲ့ကြောင်း
သိရသည်။
.
.အခမ်းအနားတွင် မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ
ဦးလှဌေးက အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ် တင်မြှောက် ခြင်းဆိုင်ရာ
စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာအသင်း နာယက
ဦးစိုးစိုးက အသင်း၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း
သိရသည်။
.
ထို့နောက် တက်ရောက်လာသူများနှင့်
ရွေးချယ်တင်မြှောက်ရေးအဖွဲ့တို့က အရွေးချယ်ခံပုဂ္ဂိုလ်များအား
ရွေးချယ်တင်မြှောက်ခဲ့ကြရာ စာရေးဆရာအသင်း ဥက္ကဋ္ဌအဖြစ် ဦးလှဌေး၊
အတွင်းရေးမှူးအဖြစ် ဦးဝေယံဦး၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးစိုင်းဇော်မိုးတို့ကို
ရွေးချယ်ခဲ့ပြီး အမှုဆောင်များအဖြစ် ဒေါက်တာကျော်စွာမြင့်နှင့် ဦးမြင့်ဝင်းလှ
တို့အား ရွေးချယ်တင်မြှောက်ခဲ့ကြကြောင်း သိရသည်။
.
အဆိုပါ အလုပ်အမှုဆောင်အဖွဲ့သစ် ရွေးချယ်တင်မြှောက်ပွဲသို့
တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ
လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်၊ တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ
ဒုတိယဦးစီးမှူး ဦးဇင်ထက်ဝေနှင့် မြို့နယ်စာရေးဆရာအသင်းဝင်များ တက်ရောက်ခဲ့ကြောင်း
သိရသည်။
.

No comments:
Post a Comment