ထိုင်းနိုင်ငံအတွင်း ပြစ်ဒဏ်ကျခံပြီးသူ မြန်မာနိုင်ငံသား ၉၀ ကျော်ကို မြန်မာဘက် ပြန်ပို့ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Thursday, May 14, 2026

ထိုင်းနိုင်ငံအတွင်း ပြစ်ဒဏ်ကျခံပြီးသူ မြန်မာနိုင်ငံသား ၉၀ ကျော်ကို မြန်မာဘက် ပြန်ပို့



ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီး လွတ်ရက်စေ့မြောက်၍ ပြန်လည်လွတ်မြောက် လာသူ မြန်မာနိုင်ငံသား ၉၀ ကျော်ကို ယမန်နေ့‌ မေလ ၁၃ ရက်က ထိုင်းနိုင်ငံမှ မြန်မာဘက်သို့ ပြန်လည် လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
.
အဆိုပါ မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံ၏ တည်ဆဲဥပဒေများကို ဖောက်ဖျက်ကျူးလွန်၍ ပြစ်ဒဏ် ကျခံပြီးသူများဖြစ်ပြီး ကျား ၆၆ ဦး၊ မ ၂၆ ဦး စုစုပေါင်း ၉၂ ဦးဖြစ်ကာ ၎င်းတို့အား ထိုင်းနိုင်ငံ၊ ရနောင်းမြို့ အခြေစိုက် အလုပ်သမားသံအရာရှိ ဦးအောင်စိုးသန်း ဦးဆောင်၍ ပဲ့ချိတ်စက်လှေ ၆ စင်းဖြင့် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၌ လာရောက်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများကို တာဝန်ရှိသူများက ကြိုဆိုပြီး COVID-19 ရောဂါပိုး ကူးစက်ခံရမှုရှိ/မရှိ စစ်ဆေးခြင်း၊ ကိုယ်ရေးအချက်အလက်များ ရယူခြင်း၊ အမည်မည်းစာရင်းတွင် ပါဝင် သူများ၊ လူကုန်ကူးမှုဖြင့် အလိုရှိသူများ၊ လူကုန်ကူးခံရသူများ၊ တရားခံပြေးများ ပါဝင်လာခြင်းရှိ/မရှိ စစ်ဆေးပြီး နေရပ်အသီးသီးသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
#KBZTai #Local
.

 

No comments:

Post a Comment

Pages