ချန်ပီယံဆိုတာ ဘယ်လိုထိုးရကြောင်း ပြသသွားတဲ့ ဂျိုရှုဝါဗန် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, May 10, 2026

ချန်ပီယံဆိုတာ ဘယ်လိုထိုးရကြောင်း ပြသသွားတဲ့ ဂျိုရှုဝါဗန်

.

၂၀၂၆ ခုနှစ်၊ မေလ ၁၀ ရက်

.

.

ဖလိုင်းဝိတ်တန်းချန်ပီယံဆိုတာ ဘယ်လိုစွမ်းအင်မျိုးရှိတဲ့အကြောင်းကို ဗန် က သက်သေပြလိုက်ပါပြီ။

.

တိုင်ရာ က Guard မကာဘဲ တစ်ချိန်လုံးထိုးနေတဲ့အတွက် ပွဲက ဗန်ရဲ့စိတ်ကြိုက် ဖြစ်ခဲ့ပြီး ဒုတိယ အချီလောက်မှာကတည်းက တိုင်ရာရဲ့မျက်နှာက စုတ်ပြတ်လို့နေခဲ့တာပါ။

.

ပထမအချီမှာ တိုင်ရာက သူ့ရဲ့အားသာတဲ့ ချုပ်ကွက်တွေကိုပုံဖော်ဖို့ ၂ ကြိမ်ကြိုးစားခဲ့ပေမဲ့ ဗန်က အကောင်းဆုံး ရုန်းထွက်နိုင်ခဲ့ပါတယ်။

.

ဒုတိယအချီမှာ ထိသွားတဲ့ ဗန်ရဲ့ ပြင်းထန်တဲ့ လက်သီးချက်ကို တိုင်ရာ ခံစားခဲ့ရပေမဲ့လည်း အားတင်းထား နိုင်ခဲ့လို့သာ ဆက်ထိုးခွင့်ရသွားခဲ့တာပါ။

.

တိုင်ရာရဲ့အားသာလှပါတယ်ဆိုတဲ့ နပန်းနဲ့ ကြမ်းပြင်ချုပ်ကိုင်မှုတွေက အချိန်ကြာလေလေ သုံးလို့မရလေ ဖြစ်ခဲ့ပြီး သူလှဲဖို့ ကြိုးစားတဲ့အချိန်တိုင်း ဗန်ရဲ့လက်သီးချက်တွေနဲ့သာ ရင်ဆိုင်ခဲ့ရတာပါ။

.

ဒုတိယအချီက စလို့ ပွဲရဲ့အရှိန်က ပြောင်းသွားခဲ့ပြီး ဗန်ရဲ့ လက်သီးတွဲလုံးတွေနဲ့ မြန်လွန်းတဲ့ ထိုးချက်တွေက တိုင်ရာကို တရစပ် ဖိအားပေးလာနိုင်ခဲ့တာပါ။

.

တတိယအချီကတော့ ဗန်ရဲ့အကောင်းဆုံးအချီလို့တောင် ပြောရမှာဖြစ်ပြီး ထွက်သမျှလက်သီးတိုင်းက တိုင်ရာရဲ့မျက်နှာနဲ့ ကွက်တိတွေချည်းဖြစ်ခဲ့တာပါ။ သုံးသပ်သူတွေကတော့ ဒီအချီမှာ ဗန်ရဲ့တိုက်ခိုက်မှု တွေက အရည်အသွေးမြင့်လွန်းတဲ့အဆင့်မှာရှိတယ်လို့ ချီးကျုးခဲ့ကြတာပါ။

.

စတုတ္တအချီမှာ တိုင်ရာက သူ့ရဲ့လက်ကျန်အင်အားအကုန်ကိုသုံးပြီး ဗန်ကို လှဲချဖို့ ထပ်ကြိုးစားခဲ့ပေမဲ့ ဗန်ကတော့ ပါးနပ်စွာရှောင်ရင်း သူ့ရဲ့လက်သီးချက်တွေကိုပဲ ခံစားခိုင်းခဲ့တာပါ။

.

ပွဲချိန်အတွင်း ဗန်နိုင်ဖို့ အခွင့်အရေး အများကြီးရှိခဲ့ပေမဲ့ တိုင်ရာရဲ့ကြံ့ခိုင်မှုနဲ့ ဇွဲကောင်းလွန်းတာကြောင့် ၅ ချီမြောက်အထိ ရောက်သွားခဲ့ရတာပါ။

.

နောက်ဆုံးမှာတော့ ဗန်ရဲ့လက်သီးချက်တွေကို မခံနိုင်တဲ့အဆုံး အလဲထိုးနဲ့ ရှုံးသွားခဲ့ရပြီး ဗန်အနေနဲ့ ကံကောင်းလို့ချန်ပီယံဖြစ်လာတယ်ဆိုတဲ့ စကားတွေကို ဒီ နိုင်ပွဲနဲ့ အဆုံးသတ်ပြလိုက်တာပဲဖြစ်ပါတယ်။

.

Photo – UFC

.

No comments:

Post a Comment

Pages