.
၂၀၂၆ ခုနှစ်၊ မေလ ၁၀ ရက်
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့တွင် ယမန်နေ့
မေလ ၉ ရက်၊ နေ့လယ်ပိုင်းက ကျောက်တင်ကားတစ်စီး ဘရိတ်ပေါက်ပြီး နေအိမ်ကို ဝင်ရောက်တိုက်မိသဖြင့်
တစ်ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
.
နမ္မတူမြို့၊ မြို့မဈေးကြီးအနီးတွင် ယမန်နေ့ မေလ
၉ ရက်၊ မွန်းလွဲ ၂ နာရီခွဲခန့်က ကျောက်တင်ယာဉ် ဘရိတ် ပေါက်ကာ မောချယ်ရီတည်းခိုခန်းအနီးရှိ
ဆိုင်ကယ်ကို တိုက်ကာ နေအိမ်အား ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
“ကားက အိမ်ထဲအထိ ရောက်သွားတာ။ အိမ်ထဲက မိသားစု ၂
ယောက်လောက်နဲ့ စပယ်ယာ ထိခိုက် ဒဏ်ရာရတယ်။ အသက် ၄၀ လောက်ရှိတဲ့ ဦးဂျဘား တစ်ယောက်တော့
သေသွားတယ်” ဟု အခင်းဖြစ်စဉ်အား မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။
.
ကျောက်တင်ယာဉ်ကို ဘက်ဟိုးယန္တရားဖြင့် ဆွဲထုတ်ခဲ့ရပြီး
သေဆုံးသူနှင့် ဒဏ်ရာရသူများကို နမ္မတူဆေးရုံသို့ တင်ပို့ပေးခဲ့ရကြောင်း သိရသည်။
.

No comments:
Post a Comment