အမေရိကန်နဲ့ အီရန်ကြား ငြိမ်းချမ်းရေးရဖို့ ညှိမရနိုင်သေးတဲ့အချက် ၆ ချက် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, May 10, 2026

အမေရိကန်နဲ့ အီရန်ကြား ငြိမ်းချမ်းရေးရဖို့ ညှိမရနိုင်သေးတဲ့အချက် ၆ ချက်

.

၂၀၂၆ ခုနှစ်၊ မေလ ၁၀ ရက်

.


.

အမေရိကန်နဲ့ အီရန်တို့ရဲ့ ဆွေးနွေးပွဲတွေက အခုချိန်ထိ အငြင်းပွားနေကြဆဲဖြစ်ပြီး နှစ်နိုင်ငံအကြား ညှိလို့ မရတဲ့အချက်တွေ ရှိနေဆဲဖြစ်ပါတယ်။ အီရန်ဖက်က လာမယ့်အဆိုပြုမှုတွေကို ဝါရှင်တန်ဖက်ကနေ စောင့်ဆိုင်းနေဆဲဖြစ်ပြီး နှစ်နိုင်ငံအကြား အဓိက အချက် ၆ ချက်ကို ညှိမရပဲ ဖြစ်နေကြတာပါ။

.

အဲဒါတွေက ဘာတွေလဲဆိုတော့…

.

အီရန်ရဲ့နျူကလီးယားအစီအစဉ်ကို အမေရိကန်က လုံးဝရပ်တန့်စေချင်နေတာပါ။ အီရန်ဖက်ကတော့ ရပ်တန့်ဖို့ ကန့်သတ်ချက်တွေ ရှိလာခဲ့မယ်ဆိုရင်တောင် နှစ်အကန့်အသတ်နဲ့ပဲ လက်ခံနိုင်မယ်လို့ တုန့်ပြန်ထားပါတယ်။

.

ထရမ့်က အမေရိကန်အနေနဲ့ အီရန်ရဲ့ပိုင်ဆိုင်မှုဖြစ်တဲ့ ယူရေနီယံတွေကို လိုချင်နေတာပါ။ အီရန်ပိုင် သန့်စင်ထားတဲ့ ယူရေနီယံ ၈၈၀ ပေါင် ကို ထိန်းသိမ်းစောင့်ရှောက်ခွင့် ရယူလိုတဲ့အကြောင်း ပြောထား ပါတယ်။ အီရန်ဖက်ကတော့ အဲဒီအချက်ကို ငြင်းထားပါတယ်။

.

အီရန်က အမေရိကန်အနေနဲ့ အီရန်ဆိပ်ကမ်းတွေကို ဆက်ပြီးပိတ်ဆို့ထားမယ်ဆိုရင် ဟော်မုဇ်ရေလက်ကြား ကိုလည်း သင်္ဘောအသွားအလာကန့်သတ်မှုတွေ ဆက်ပြီးလုပ်သွားမှာြဖစ်တဲ့အကြောင်း ပြောထားပါတယ်။ ထရမ့်ကလည်း သဘောတူညီချက်တွေမရမချင်း အီရန်ဆိပ်ကမ်းတွေကို ဆက်ပြီး ပိတ်ထားဦးမှာဖြစ်တယ်လို့ ပြောပါတယ်။

.

အီရန်အရာရှိတွေဖက်က ရေရှည်သဘောတူညီချက်အနေနဲ့ စီးပွားရေးပိတ်ဆို့မှုတွေ လျော့ချပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒါ့အပြင် အမေရိကန်သိမ်းဆည်းထားတဲ့ အီရန်ရဲ့ပိုင်ဆိုင်မှု ၂၀ ဘီလီယံကို ပြန်ပေးဖို့ တောင်းဆိုထားပါတယ်။

.

အီရန်က အမေရိကန်ရဲ့တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် စစ်လျော်ကြေး ဒေါ်လာ ၂၇၀ ဘီလီယံအထိ လျော်ကြေးပေးဖို့ တောင်းဆိုထားပါတယ်။

.

အီရန်အနေနဲ့ သူ့ရဲ့မဟာမိတ်တွေဖြစ်တဲ့ လက်ဘနွန်က ဟစ်ဇ်ဘိုလာ၊ ဂါဇာမှာရှိတဲ့ ဟာမက်စ် စတဲ့ လက်နက်ကိုင်အဖွဲ့တွေအပေါ် ထောက်ပံ့နေမှုတွေကို ရပ်ဆိုင်းဖို့ အမေရိကန်က တောင်းဆိုထားပါတယ်။ ဒါ့အပြင် အီရန်ရဲ့ ဒုံးကျည်အစီအစဉ်တွေကိုလည်း ထိန်းချုပ်ခွင့်ရဖို့ အမေရိကန်က တောင်းဆိုနေပါတယ်။

.

No comments:

Post a Comment

Pages