မေလထဲမှာ စစ်မှုထမ်းရတော့မယ့်အကြောင်း အသိပေးလာတဲ့ ဇူဟို - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Friday, May 8, 2026

မေလထဲမှာ စစ်မှုထမ်းရတော့မယ့်အကြောင်း အသိပေးလာတဲ့ ဇူဟို

.

၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်
.
တောင်ကိုရီးယားရဲ့ နာမည်ကျော် ကေပေါ့ပ်အဖွဲ့ SF9 အဖွဲ့ဝင် ဇူဟိုကတော့ ဒီလထဲမှာပဲ စစ်မှု ထမ်းဆောင်ရတော့မယ့် အကြောင်း ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။
.


.
ကေပေါ့ပ်အဆိုတော် တစ်ယောက် ဖြစ်သလို သရုပ်ဆောင် တစ်ယောက်လည်း ဖြစ်တဲ့ ဇူဟို က နွန်ဆန်းစစ်ရေးလေ့ကျင့်မှု စင်တာကို မေလ ၁၁ ရက်နေ့မှာ ဝင်ရောက်ရမှာ ဖြစ်ပြီး အဲဒီနောက်မှာတော့ ကြည်းတပ်သား တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်သွားမှာ ဖြစ်ပါတယ်။
.
ဇူဟိုရဲ့အေဂျင်စီ ဖြစ်တဲ့ ဟီဝါဒယ် အန်တာတိန်းမန့်က ဒီအကြောင်းကို ပရိသတ်တွေဆီ အသိပေးသွားပြီး ဇူဟို ကိုယ်တိုင်ကလည်း အခုလို ပြောပါတယ်။
.
အနုပညာ လှုပ်ရှားမှုတွေကြောင့် စစ်မှုထမ်းဖို့ နည်းနည်း နောက်ကျနေခဲ့ပေမယ့်လည်း အခုအချိန်မှာတော့ နိုင်ငံ့တာဝန်ကို ထမ်းဆောင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ တာဝန် ထမ်းဆောင်ပြီးတာနဲ့ ပြန်လာခဲ့ပါ့မယ်၊ အဆိုတော်နဲ့သရုပ်ဆောင်အလုပ်ကိုလည်း ဆက်လုပ်နေဦးမှာပါ၊ ပိုပြီး တည်ငြိမ် ရင့်ကျက်လာတဲ့ လူတစ်‌ယောက်အဖြစ် ပြန်လာခဲ့ပါ့မယ်” လို့ ဇူဟိုက သူ့ရဲ့အေဂျင်စီကနေတစ်ဆင့် ပြောသွားပါတယ်။
.
ဇူဟို ဟာ SF9 အဖွဲ့ဝင်အဖြစ် ၂၀၁၆ ခုနှစ်မှာ ပွဲထွက်ခဲ့ပြီး ၂၀၂၄ ခုနှစ်မှာတော့ သရုပ်ဆောင်အလုပ်ဘက်ကိုပါ ကူးပြောင်းလာခဲ့တာပါ။
.
Meal Kid Heartbeat Broadcast Accident Love in Present Progressive ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့သူပါ။ အဆိုတော် အနေနဲ့လည်း ပြည်တွင်းပြည်ပ တစ်ကိုယ်တော်ဖျော်ဖြေပွဲတွေကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး သီချင်းနဲ့ သရုပ်ဆောင်၂ မျိုးလုံးမှာ ထူးချွန်တဲ့ အနုပညာရှင်အဖြစ် သတ်မှတ်ခံထားရတာလည်း ဖြစ်ပါတယ်။
.

No comments:

Post a Comment

Pages