၂၀၂၆ ခုနှစ်တွင် ပဲကြီးကို အဓိကစိုက်ပျိုးသင့် ဟုဆို - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, May 18, 2026

၂၀၂၆ ခုနှစ်တွင် ပဲကြီးကို အဓိကစိုက်ပျိုးသင့် ဟုဆို



၂၀၂၆ ခုနှစ်တွင် ရှမ်းပြည်နယ်အတွင်း ပဲကြီးကို အဓိကစိုက်ပျိုးသင့်သည်ဟု စိုက်ပျိုးထွက်ကုန် ဈေးကွက် သုံးသပ်လေ့လာသူ တစ်ဦးက အကြံပြုပြောဆိုထားသည်

.
ပဲကြီးကို ဒီဇင်ဘာ၊ ဇန်နဝါရီလခန့်တွင် ပေါ်အောင် စိုက်ပျိုးနိုင်ပါက ဈေးအမြင့်တန်း ရရှိနိုင်ပြီး အရှုံး မရှိသည့် သီးနှံ တစ်ခု ဖြစ်ကြောင်း စိုက်ပျိုးထွက်ကုန် ဈေးကွက် သုံးသပ်သူ Shan State Trade Center ၏ စီမံခန့်ခွဲမှု ဒါရိုက်တာ ကိုစနေမောင်မောင်က ပြောဆိုခဲ့သည်။
.
ဘာကြောင့်လဲဆိုတော့ ပြည်မမှာ အဲဒီအချိန် (ဇန်နဝါရီလ) မှာ ပဲကြီး စိုက်ထားတာတွေက မထွက်သေးဘူး၊ ရှမ်းတောင်ကိုပဲ အမှီပြုပြီး ဆွဲဝယ်ကြမှာပေါ့။ ဒီတော့ ပဲကြီးက အစိုက်သင့်ဆုံး သီးနှံ တစ်မျိုးဖြစ်တယ်” ဟု ကို စနေမောင်မောင်က ပြောသည်။
.
လက်ရှိ အချိန်တွင် ရှမ်းပြည်အပါအဝင် မြန်မာနိုင်ငံအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ၌ စက်သုံးဆီ ဈေးနှုန်း မြင့်တက်ခြင်း၊ မြေဩဇာဈေး မြင့်တက်နေခြင်းနှင့် သယ်ယူပို့ဆောင်ရေးစရိတ် ကြီးမြင့်ခြင်းများကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေကြောင်း ၎င်းက ဆက်လက်ပြောဆို ခဲ့သည်။
.
မြန်မာနိုင်ငံမှာက အသီးအနှံ ထွက်လာတဲ့အချိန်ကျရင် ဈေးကွက် အာမခံချက် မရှိဘူး။ ဒီတော့ စိုက်ရင်းနဲ့ ရှုံးနေတဲ့ တောင်သူတွေ အများကြီး ရှိတယ်၊ ဒါပေမဲ့ သီးနှံတိုင်းတော့ မဆိုလိုဘူး၊ တချို့ သီးနှံတွေပေါ့၊ ဥပမာ ခရမ်းချဉ်လိုဟာမျိုးတွေ၊ အာလူးလိုဟာမျိုးတွေ၊ သူတို့က စိုက်ပြီဆိုကတည်းက စိုက်ပျိုးရေးစရိတ် ရှိတယ်၊ အလုပ်သမားခ၊ ပေါင်းသတ်ဆေး၊ ဓာတ်မြေဩဇာ အများကြီးပဲ။ အဲဒါတွေက ဈေး မကျဘူး။ သူတို့ အသီး အနှံတွေ ထွက်လာတဲ့အခါ ကံကောင်းတဲ့အခါမှ ဈေးကောင်းလေးတွေ ရတယ်၊ ၁၀ မျိုးမှာ ၅ မျိုးလောက် ကတော့ ထိတာပဲ၊ ဒါမျိုးက နိုင်ငံတော်အဆင့်နဲ့ သေသေချာချာ လုပ်ပေးနိုင်မှ ရမှာပါ” ဟု ကို စနေမောင်မောင်က ပြောသည်။
.
ပဲကြီးကို မြန်မာနိုင်ငံအတွင်း မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့တွင် အဓိက စိုက်ပျိုးကြပြီး ရှမ်းပြည်နယ်တွင်လည်း တောင်ယာစနစ်နှင့် ရောနှောစိုက်ပျိုးခြင်း၊ ပြောင်း၊ နှမ်း၊ ပဲမျိုးစုံများဖြင့် တွဲဖက် စိုက်ပျိုးခြင်းများ ရှိနေကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် ပဲကြီးကို ပြည်တွင်း၌ အဓိက စားသုံးပြီး အိန္ဒိယနှင့် ပြည်ပနိုင်ငံများသို့ တင်ပို့မှုလည်း ရှိကြောင်း သိရသည်။
.
#KBZTai #Shan #Agriculture

No comments:

Post a Comment

Pages