မနေ့ညက ကစားခဲ့တဲ့ ပွဲမှာ အာဆင်နယ်က ဘန်လေကို ၁-၀ နဲ့ နိုင် လိုက်တာမို့ ပရီးမီးယားလိဂ်မှာ ချန်ပီယံ ဖြစ်ဖို့ တစ်ပွဲပဲ လိုပါတော့တယ်။ အာဆင်နယ်အတွက် အရေးကြီးတဲ့ အချိန်မို့ အကောင်းဆုံး လူစာရင်းကို ထုတ်ခဲ့တဲ့ အာတီတာ ဟာ ဘန်လေ ကို ၂ ဂိုး ပြတ်အောင်တောင် မကစားနိုင်ဘဲ တော်တော်လေး တိုင် ပတ်နေခဲ့တာပါ။
.
ပွဲချိန် ပထမပိုင်းမှာ ဆာကာ ရဲ့ ထောင့်ကန်ဘော ကန်သွင်းမှုကနေ
ကိုင်ဟာဗက်ဇ်က ခေါင်းတိုက်ခဲ့ပြီး အာဆင်နယ်အတွက် ဦးဆောင်ဂိုး သွင်းပေးနိုင်ခဲ့ပေမယ့်
ဒုတိယပိုင်း တစ်ပိုင်းလုံးမှာ ဘန်လေကို ဂိုး ထပ်မသွင်းနိုင်ဘဲ ၁-၀ နဲ့သာ ပွဲ ပြီးသွားခဲ့ရတာပါ။ ဘန်လေကလည်း အာဆင်နယ် ခံစစ်ကို လုံးဝ ဖိအားမပေးနိုင်တာမို့
အာဆင်နယ်အတွက် သက်သောင့်သက်သာ ကစားပြီး ၃ မှတ် ယူသွားတယ်လို့ ပြောရင်လည်း
ရနိုင်ပါလိမ့်မယ်။
.
ဒီနေ့ည ကစားမယ့် ဘုန်းမောက်နဲ့ မန်စီးတီး တို့ရဲ့ ပွဲမှာ မန်စီးတီး
သရေ ကျသွားတာနဲ့ အာဆင်နယ်က ဖလား ရပြီ ဖြစ်ပြီး တကယ်လို့ မန်စီးတီး နိုင်ခဲ့မယ်ဆိုရင်တောင်
ပဲလေ့စ်နဲ့ ကစားရမယ့် နောက်ဆုံးပွဲမှာ နိုင် လိုက်တာနဲ့ အာဆင်နယ် ဖလားရပါပြီ။
.
အာဆင်နယ် ပရိသတ်တွေကတော့ သူတို့နဲ့ နှစ်ပေါင်း များစွာ ဝေးကွာနေတဲ့
ပရီးမီးယားလိဂ် ဖလားကြီးကို ပြန်လည် မြင်တွေ့ရတော့မှာ ဖြစ်တာကြောင့် ရင်ခုန်နေကြပါတယ်။
ဒါပေမယ့်လည်း အရေး ကြီးပြီဆိုရင် တစ်ခုမဟုတ် တစ်ခု ဖြစ်လာတတ်တဲ့
အာဆင်နယ်ကြောင့် စိတ်ထင့်နေသူတွေလည်း ရှိပြီး အာဆင်နယ်တို့ တကယ်ပဲ ချန်ပီယံ ဖြစ်သွားမလား၊
ဒါမှမဟုတ် စည်သူလွင်အဖြစ်နဲ့ပဲ ထပ်ပြီး အဆုံးသတ်မလားဆိုတာ ရင်ခုန်စရာ
ဖြစ်လာခဲ့ပါတယ်။
.
အာတီတာ ကတော့ ပွဲအပြီး အင်တာဗျူးမှာ အာဆင်နယ်အနေနဲ့ ဒီရာသီမှာ
ဖလားတွေ သိမ်းပိုက်ဖို့ အဆင်သင့် ဖြစ်နေပြီဆိုတဲ့ အကြောင်း ပြောသွားပါတယ်။
“ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ ပရီးမီးယားလိဂ်နဲ့
ချန်ပီယံလိဂ်မှာ အဆင်ပြေပြေလေး လုပ်ပြပြီး ရာသီ သိမ်းနိုင်ဖို့ပါ။ လက်ရှိ အနေအထားအရ
ကျွန်တော်တို့မှာ ကိုယ့်ရဲ့ ကံကြမ္မာကို ကိုယ်တိုင် ပြန်ပြီး ဖန်တီးနိုင်ခွင့် ရှိနေတယ်။
ဖလားက ကျွန်တော်တို့ လက်ထဲမှာပဲ။ ဒီတော့ အားလုံး အဆင်သင့်ပါပဲ” လို့ အာတီတာက
ပြောဆိုသွား ခဲ့ပါတယ်။
.
#KBZTai #Shan #Sports #Football #Arsenal

No comments:
Post a Comment