ခရိုင်ရုံးစိုက်ရာ လင်းခေးတွင် တိုက်နယ်ဆေးရုံသာ ရှိသဖြင့် လူနာများ အခက်အခဲ ဖြစ်နေ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, May 18, 2026

ခရိုင်ရုံးစိုက်ရာ လင်းခေးတွင် တိုက်နယ်ဆေးရုံသာ ရှိသဖြင့် လူနာများ အခက်အခဲ ဖြစ်နေ



ခရိုင်အဆင့် ရုံးစိုက်ရာ မြို့ဖြစ်သော လင်းခေးမြို့တွင် ခရိုင်အဆင့်နှင့် လျော်ညီသော ဆေးရုံ မရရှိသေးဘဲ တိုက်နယ်ဆေးရုံသာ ရှိသဖြင့် လူနာများ အခက်အခဲ ဖြစ်ပေါ်နေရသည်ဟု သိရသည်။
.
လင်းခေးက ခရိုင်ဖြစ်တာ ကြာပြီ။ ပြည်သူ့ဆေးရုံဆိုတာ တိုက်နယ်အဆင့်လောက်ပဲ ရှိတယ်။ ဆရာဝန် လည်း တစ်ယောက်ထဲ ရှိတယ်။ အဲဒီဆရာဝန်က ခရီးထွက်ရင် (လူနာကြည့်မယ့် ဆရာဝန်) မရှိတော့ဘူး။ ကျန်းမာရေးမှာ အရမ်း အားနည်းသွားတယ်။ ပြည်ထောင်စုဝန်ကြီးကို မေးကြည့်တော့ လူဦးရေ နည်းပြီး ဝင်ရောက် ကုသတဲ့သူ နည်းတယ်လို့ ပြောတယ်” ဟု လင်းခေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဆေဟန်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လင်းခေးခရိုင်အတွင်းရှိ လင်းခေး၊ မောက်မယ်နှင့် မိုင်းပန်မြို့နယ်များမှ ပြည်သူများသည် နာမကျန်း ဖြစ်ပွားချိန်တွင် လင်းခေးဆေးရုံသို့ လာရောက်ဆေးကုသမှု ခံယူရမည်ဖြစ်သော်လည်း ပစ္စည်းကိရိယာနှင့် ကုသမှု မပြည့်စုံသည့်အတွက် တောင်ကြီးမြို့သို့ သွားရောက်ဆေးကုသမှု ခံယူနေရပြီး အခက်အခဲများ ဖြစ်ပေါ်နေရကြောင်း ၎င်းထံက သိရသည်။
.
ခရိုင်အဆင့် ဆေးရုံဆိုရင် အနည်းဆုံးတော့ ခုတင် ၁၀၀ နဲ့ သမားတော် ရှိရမှာပါ။ ဝန်ကြီးက ကြည့်ပေးမယ် တော့ ပြောပါတယ်။ ဒါပေမဲ့ နှုတ်တစ်ရာ စာတစ်လုံး ဆိုသလိုပေါ့။ လွှတ်တော် တက်တဲ့အချိန်မှာ ဝန်ကြီးဌာန ကို သွားရောက် တွေ့ဆုံပြီးတော့ ညှိနှိုင်းပါဦးမယ်” ဟု စိုင်းဆေးဟန်က ဆက်လက် ပြောဆိုခဲ့သည်။
.
ထို့အပြင် လင်းခေးမြို့တွင်းရှိ လမ်းများမှာလည်း ခရိုင်အဆင့် အင်္ဂါရပ်နှင့် ညီညွတ်ခြင်းမရှိဘဲ တောလမ်း သာသာ ဖြစ်နေကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
လင်းခေးခရိုင်ကို ၂၀၀၄ ခုနှစ်က စတင်၍ လင်းခေး၊ မိုးနဲ၊ မောက်မယ်နှင့် မိုင်းပန် ၄ မြို့နယ်တို့ဖြင့် စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် နမ့်စန်ခရိုင် ဖွဲ့စည်းပြီးနောက် မိုးနဲမြို့နယ်ကို နမ့်စန်ခရိုင် အတွင်းသို့ ထည့်သွင်းခဲ့ရာ လက်ရှိ လင်းခေးခရိုင်တွင် လင်းခေး၊ မောက်မယ်နှင့် မိုင်းပန် ၃ မြို့နယ်သာ ကျန်ရှိသည်။
.
#KBZTai #Shan #Langkho
.

No comments:

Post a Comment

Pages