ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က
ကွန်ဂိုနိုင်ငံမှာဖြစ်ပွားနေတဲ့ အီဘိုလာရောဂါကို နိုင်ငံတကာအရေးပေါ် အခြေအနေအဖြစ်
သတ်မှတ်လိုက်ပါတယ်။ WHO ရဲ့ ပြောကြားချက်တွေအရ
ကွန်ဂိုအရှေ့ပိုင်း အီတူရီ ပြည်နယ်ထဲမှာ အီဘိုလာ ကူးစက်ခံထားရသူ ၂၄၆ ဦးရှိထားပြီး
သေဆုံးသူဦးရေ ၈၀ ကျော်ပြီဖြစ်ပေမဲ့လည်း ကမ္ဘာ့ကပ်ရောဂါအဆင့်ကိုတော့
မရောက်သေးတဲ့အကြောင်း သိရပါတယ်။
.
ဒါပေမဲ့လည်း လက်ရှိတွေ့ရှိထားမှုဟာ ပိုပြီးကြီးမားတဲ့
ရောဂါပျံ့နှံ့မှု ဖြစ်လာနိုင်ကြောင်းနဲ့ ဒေသတွင်း သာမကဘဲ
ပတ်ဝန်းကျင်နိုင်ငံများအထိပါ ပျံ့နှံနိုင်ချေမြင့်မားကြောင်း သတိပေးထားပါတယ်။
.
လက်ရှိဖြစ်ပွားနေတဲ့ အီဘိုလာဗိုင်းရပ်စ်ဟာ ဘွန်ဒီဘူဂို
ဗိုင်းရပ်စ်အမျိုးအစားဖြစ်ပြီး ဒီဗိုင်းရပ်စ်အတွက် အတည်ပြုထားတဲ့ ဆေးဝါး ဒါမှမဟုတ်
ကာကွယ်ဆေး မရှိသေးတဲ့အကြောင်း WHO က သတိပေးပါတယ်။
.
ရောဂါရဲ့အစောပိုင်း လက္ခဏာတွေအနေနဲ့ ဖျားခြင်း၊
ကြွက်သားနာကျင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း
စတာတွေကို ခံစားရမှာဖြစ်ပြီး အဲဒီနောက်မှာတော့ အန်ခြင်း၊ ဝမ်းလျောခြင်း၊
အရေပြားအဖုထွက်ခြင်း၊ သွေးယိုခြင်း တို့ဖြစ်ပေါ်လာမှာပါ။
.
အီတူရီ ပြည်နယ်ရဲ့ ရွှေတူးဖော်ရေးမြို့တွေဖြစ်ကြတဲ့ မွန်ဝါလူ၊
ရဝမ်ပါရာ အပါအဝင် ကျန်းမာရေးဇုန် ၃ ခုမှာ သံသယလူနာတွေနဲ့ သေဆုံးမှုတွေ
ရှိနေကြတာပါ။
.
မြို့တော် ကင်ရှာဆာမှာလည်း အီဘိုလာလူနာတစ်ယောက်တွေ့ရကြောင်း
အတည်ပြုထားပြီး အဲဒီလူနာက အီတူရီ ပြည်နယ်ကနေ ပြန်လာခဲ့တဲ့သူပါ။
.
WHO ကတော့ ကွန်ဂိုရဲ့ အီဘိုလာ ဗိုင်းရပ်စ်ဟာ
ပတ်ဝန်းကျင်နိုင်ငံတွေအထိပါ ပျံ့နေပြီး ယူဂန်ဒါမှာ အီဘိုလာ အတည်ပြုလူနာ ၂
ဦးတွေ့ထားတယ်လို့ ပြောထားပါတယ်။ အဲဒီထဲက တစ်ဦးဖြစ်တဲ့ အသက် ၅၉ နှစ်အရွယ်
အမျိုးသားကတော့ သေဆုံးသွားခဲ့ပါပြီ။
.
အတည်ပြုလူနာရှိတဲ့ နိုင်ငံတွေနဲ့ နယ်နမိတ်ထိစပ်နေတဲ့ နိုင်ငံတွေက
နယ်စပ်ပိတ်တာတွေ၊ ခရီးသွားလာမှု၊ ကုန်သွယ်မှုပိတ်တာတွေ မလုပ်သင့်တဲ့အကြောင်းနဲ့
ကျန်းမာရေးသတင်းပို့စနစ်တွေကိုသာ တိုးမြှင့် လုပ်ဆောင်သင့်တဲ့အကြောင်း WHO က အကြံပေးထားပါတယ်။
.
#KBZTai #International #Ebola
.
Monday, May 18, 2026
Home
ကျန်းမာရေး
နိုင်ငံတကာ
ပြည်ပသတင်း
ကွန်ဂိုမှာဖြစ်နေတဲ့ အီဘိုလာရောဂါကို နိုင်ငံတကာအရေးပေါ်အခြေအနေအဖြစ် WHO ကြေညာ
ကွန်ဂိုမှာဖြစ်နေတဲ့ အီဘိုလာရောဂါကို နိုင်ငံတကာအရေးပေါ်အခြေအနေအဖြစ် WHO ကြေညာ
Tags
# ကျန်းမာရေး
# နိုင်ငံတကာ
# ပြည်ပသတင်း
Share This
About Kanbawza Tai News
ပြည်ပသတင်း
Tags
ကျန်းမာရေး,
နိုင်ငံတကာ,
ပြည်ပသတင်း
Subscribe to:
Post Comments (Atom)

No comments:
Post a Comment