လာဘ်စားမှုတွေ ဖြစ်မှာကို စိုးရိမ်နေကြတဲ့ ထိုင်းအစိုးရရဲ့ ဘီလီယံ ၄၀၀ ချေးငွေစီမံကိန်း - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, May 19, 2026

လာဘ်စားမှုတွေ ဖြစ်မှာကို စိုးရိမ်နေကြတဲ့ ထိုင်းအစိုးရရဲ့ ဘီလီယံ ၄၀၀ ချေးငွေစီမံကိန်း

.

၂၀၂၆ ခုနှစ်၊ မေလ ၁၉ ရက်

.

ထိုင်းနိုင်ငံရဲ့ အရေးပေါ်ချေးငွေ ဘတ် ဘီလီယံ ၄၀၀ အစီအစဉ် စတင်တော့မှာ ဖြစ်ပေမယ့် ဒီ အစီအစဉ် ပေါ်လာရင် အစိုးရ အရာရှိတွေရဲ့လာဘ်စားမှုတွေ၊ နီးစပ်ရာ မျက်နှာ လိုက်ပြီး ချေးငွေထုတ်ပေးမှုတွေလည်း ပြန်လည် စတင်လာမှာကို ပြည်သူတွေက စိုးရိမ်နေကြပါတယ်။

.

.

ဘဏ္ဏာရေးဝန်ကြီး အက်နီတီ က ထိုင်းနိုင်ငံတွင်း စီးပွားရေးလုပ်ငန်းများနဲ့ အိမ်ထောင်စုတွေကို ချေးငွေ ထုတ်ပေးဖို့ ဘတ် ၄၀၀ ဘီလီယံ လိုအပ်တဲ့အကြောင်း အတည်ပြုခဲ့ပြီး အဲဒီထဲက ၂၀၀ ဘီလီယံကို စွမ်းအင်ဖွဲ့စည်းပုံ ပြန်လည် ပြုပြင်ရေးအတွက် အသုံးပြုသွားမယ်လို့ ပြောဆိုထားပါတယ်။ စီးပွားရေး လုပ်ငန်းတွေနဲ့ အိမ်ထောင်စုတွေဟာ စွမ်းအင်း အကျပ်အတည်းရဲ့ သက်ရောက်မှုတွေကို ရင်ဆိုင်နေရပြီး အဲဒါတွေကို ကျော်ဖြတ်နိုင်ဖို့အတွက် အစိုးရအနေနဲ့ ချေးငွေထုတ်ပေးဖို့ လိုတဲ့အကြောင်း အက်နီတီက ပြောထားတာပါ။

.

ထိုင်းနိုင်ငံရဲ့ နာမည်ကြီး စီးပွားရေးအဖွဲ့ တစ်ခုဖြစ်တဲ့ ဆီယမ်ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ သမ်မာဆက် ကတော့ “ အစိုးရရဲ့ ချေးငွေစီမံကိန်းပေါ်လာမယ်ဆိုတာ တကယ်ကောင်းတဲ့ အစီအစဉ်ပါ။ ဒါပေမယ့် ချေးငွေ သုံးစွဲမှုနဲ့ စီမံခန့်ခွဲမှု အပေါ်မှာတော့ အာဏာပိုင်တွေ သတိထားဖို့ လိုပါလိမ့်မယ်။ ရန်ပုံငွေတွေ မသမာတဲ့နည်းနဲ့ ပျောက်ဆုံး မသွားအောင် ဘယ်လို ကာကွယ်မလဲ ဆိုတာကိုပဲ အဓိက စဉ်းစားရမှာပါ။ အစိုးရက မူဝါဒ ကောင်းတွေကို အမြဲ ချမှတ်နိုင်ခဲ့ပေမယ့် အဲဒီမူဝါဒတွေကို မှန်မှန်ကန်ကန် အကောင်အထည် ဖော်နိုင်ခဲ့တာမျိုးတော့ မဟုတ်ဘူး” လို့ ဆိုပါတယ်။

.

ထိုင်းနိုင်ငံရဲ့ စက်မှု၊ စီးပွားရေးနဲ့ စောင့်ကြည့်ရေးကော်မတီ ကလည်း အစိုးရဌာနတွေထဲမှာ မသမာမှုတွေ ရှိနေတာမို့ ချေးငွေကိစ္စကို စိုးရိမ်တဲ့အကြောင်း ဖွင့်ပြောထားပါတယ်။ ထိုင်းနိုင်ငံ အတွင်းမှာ မတ် ၂၆ ရက်ကနေ ဧပြီ ၁၀ ရက်နေ့အတွင်း စီးပွားရေးလုပ်ငန်းရှင် ၄၀၁ ဦးကို စစ်တမ်းကောက်ခဲ့ပြီး အဲဒီစစ်တမ်းအရ အကျင့်ပျက် ခြစားမှုဟာ စီးပွားရေးလုပ်ငန်းတွေအပေါ် အဓိက သက်ရောက်နေတဲ့ ပြသနာဆိုတာကို တွေ့ရှိခဲ့ရတာပါ။

.

ထိုင်းနိုင်ငံရဲ့အစိုးရစီမံကိန်းတွေအတွက် တင်ဒါ ခေါ်ယူမှုတွေမှာလည်း ပြဿနာတွေရှိနေပြီး လုပ်ငန်းတွေရဲ့ ၂၇ ဒသမ ၃ ရာခိုင်နှုန်းက တင်ဒါအောင်ဖို့ ကူညီပေးနိုင်တယ်လို့ ပြောဆိုလာသူများဆီကနေ ဆက်သွယ်မှုတွေ ရရှိခဲ့တဲ့ အကြောင်း စစ်တမ်းတွေက ဖော်ပြထားပါတယ်။

.

No comments:

Post a Comment

Pages