.
၂၀၂၆ ခုနှစ်၊ မေလ ၁၉ ရက်
.
အီလွန်မက်စ်အနေနဲ့ OpenAI ကိုတရားစွဲထားတဲ့
အမှုကို အမေရိကန်ပြည်ထောင်စု တရားသူကြီးအဖွဲ့က ပယ်ချခဲ့ပြီး AI ကုမ္ပဏီအနေနဲ့ အီလွန်မက်စ်ရဲ့စွပ်စွဲချက်တွေနဲ့ မသက်ဆိုင်ဘူးလို့
အမိန့်ချလိုက်ပါတယ်။ ဒါ့အပြင် အီလွန်မက်စ်အနေနဲ့ အမှုကို နောက်ကျပြီးမှ
တင်သွင်းခဲ့တဲ့အကြောင်း တရားသူကြီးအဖွဲ့က ဆုံးဖြတ်ခဲ့ပြီး အချိန် ၂
နာရီမပြည့်ခင်မှာပဲ ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချခဲ့တာပါ။
.
.ဒီအမှုကို AI နည်းပညာရဲ့အချိုးအကွေ့တစ်ခုအဖြစ်
သုံးသပ်နေကြပြီး AI ကို ဘယ်လိုအသုံးပြုသင့်တယ် ဆိုတာနဲ့၊
ဘယ်သူတွေ အကျိုးခံစားခွင့်ရှိတယ်ဆိုတဲ့ မေးခွန်းတွေပါ ပါဝင်နေခဲ့တာပါ။
.
မက်စ်ကတော့ တရားရုံးဆုံးဖြတ်ချက်အပေါ် အတော်လေး
ပေါက်ကွဲနေခဲ့ပြီး “အဲ့မန်းနဲ့ ဘရော့ခ်မန်း တို့က ပရဟိတအဖွဲ့တစ်ခုကို လုယူပြီး
သူတို့ကိုယ်သူတို့ ချမ်းသာလာအောင်လုပ်ခဲ့တာ တကယ်ပါပဲ။ မေးခွန်းက
သူတို့ဘယ်အချိန်မှာ အဲဒီလိုလုပ်ခဲ့လဲဆိုတာပါပဲ” လို့ မက်စ် က
သူ့ရဲ့ကိုယ်ပိုင်ပလက်ဖောင်းဖြစ်တဲ့ X မှာ ရေးသားသွားခဲ့တာပါ။
.
ဒီအမှုကို ကြီးကြပ်တဲ့တရားသူကြီး
ဂွန်ဇာလက်ရော်ဂျာစ်ကတော့ မက်စ်အနေနဲ့ အယူခံဝင်မယ်ဆိုရင်တောင် အခက်အခဲတွေ
ကြုံရနိုင်တဲ့အကြောင်း သတိပေးပါတယ်။ အကြောင်းကတော့ တရားစွဲဆိုချိန်မှာ ဒီဖြစ်ရပ်က
ဥပဒေအရ သတ်မှတ်ထားတဲ့အချိန်ကာလ ကျော်လွန်နေပြီဆိုတာကို ရော်ဂျာစ်က ထောက်ပြခဲ့တာပါ။
.
“တရားသူကြီးအဖွဲ့ရဲ့ဆုံးဖြတ်ချက်ကို
ထောက်ခံပေးနိုင်တဲ့ သက်သေအထောက်အထားတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် ကျွန်မက
ချက်ချင်းပဲ အမှုကို ပယ်ချဖို့ ပြင်ဆင်ထားခဲ့တာပါ” လို့ ရော်ဂျာစ်က ဆိုပါတယ်။
.
အီလွန်မက်စ် ဟာ OpenAI ရဲ့
ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ ဒီကုမ္ပဏီကို စထောင်ခဲ့ပြီး
နောက်ပိုင်းမှာ ChatGPT ကို ဖန်တီးခဲ့တာပါ။ မက်စ်ဟာ
ကုမ္ပဏီရဲ့အစောပိုင်းနှစ်တွေမှာ ဒေါ်လာ ၃၈ သန်း အထိ မြုပ်နှံခဲ့ပြီး ၂၀၂၄
ခုနှစ်မှာ ဆမ်အဲ့မန်း နဲ့ ဂရက် ဘရော့ခ်မန်း တို့က သူ့နောက်ကွယ်မှာ အမြတ်အစွန်း ရယူတဲ့လုပ်ငန်းပုံစံအဖြစ်
ပြောင်းလဲခဲ့တယ်လို့ စွပ်စွဲခဲ့တာပါ။
.
အဲ့မန်း တို့ဖက်ကတော့ OpenAI ဟာ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းအနေနဲ့ ထိန်းသိမ်းထားမယ်ဆိုတဲ့
ကတိမရှိခဲ့တဲ့အကြောင်းနဲ့ မက်စ်ဟာ AI ကုမ္ပဏီကို
တစ်ဦးတည်းထိန်းချုပ်ခွင့်မရတာကြောင့် အခုလို တရားစွဲခဲ့ခြင်းဖြစ်တဲ့အကြောင်း
တုန့်ပြန်ထားပါတယ်။
.
မက်စ် ဟာ လက်ရှိ ဒေါ်လာ ၈၅၂
ဘီလီယံတန်နေပြီဖြစ်တဲ့ OpenAI ကနေ ပရဟိတဌာနကို လျော်ကြေး ပေးဖို့နဲ့
အဲ့မန်း ကို ဘုတ်အဖွဲ့ကနေ ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့ပြီး တစ်ချိန်က
မဟာမိတ်ဖြစ်ခဲ့သူ နှစ်ယောက်ကြား အကွဲအပြဲတွေ ဖြစ်လာခဲ့ကြတာပါ။
.

No comments:
Post a Comment