ရွာငံမြို့နယ်တွင် သဲကျင်းပြိုကျပြီး ၂ ဦး သေဆုံး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, May 17, 2026

ရွာငံမြို့နယ်တွင် သဲကျင်းပြိုကျပြီး ၂ ဦး သေဆုံး

.

၂၀၂၆ ခုနှစ်၊ မေလ ၁၇ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ယနေ့ မေလ ၁၇ ရက်၊ နံနက်ပိုင်းက သဲကျင်းပြိုကျမှု ဖြစ်ပွားပြီး ၂ ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

.

.

ရွာငံမြို့နယ်၊ ယကြီးကျေးရွာအနီးတွင် ယနေ့ မေလ ၁၇ ရက်၊ နံနက် ၁၁ နာရီခွဲအချိန်ခန့်က သဲကျင်း ပြိုကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောက်သဲတူးနေသူ အမျိုးသား ၃ ဦး ပိမိနေသဖြင့် ရွာငံမြို့နယ်မီးသတ်စခန်းမှ ရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ၂ ဦး သေဆုံးပြီး တစ်ဦး မစိုးရိမ်ရဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ သဲကျင်းပြိုကျမှုမှ သေဆုံးသူ အမျိုးသား ၂ ဦး၏ ရုပ်အလောင်းအား မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အဖွဲ့ပိုင်ယာဉ်ဖြင့် မြိုင်ကျေးရွာ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသားအား ယကြီးဘုန်းကြီးကျောင်းပိုင်ယာဉ်ဖြင့် ပင်းတယပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages