.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်
.
တောင်ကိုရီးယား၊ ထိုင်ဝမ်နဲ့ တရုတ်နိုင်ငံတွေမှာ
Ai မျက်မှန်ကိုသုံးပြီး စာခိုးချတဲ့ ကျောင်းသားတွေ များပြား လာတာကြောင့်
အရှေ့အာရှ နိုင်ငံတွေမှာ စာမေးပွဲဖြေဖို့ လာရောက်တဲ့ ကျောင်းသားတွေရဲ့ မျက်မှန်တွေကို
စစ်ဆေးမှုတွေ စတင်ပြုလုပ်နေကြပါပြီ။
.
.ပြီးခဲ့တဲ့လထဲမှာ တောင်ကိုရီးယားနိုင်ငံတွင်း
အင်္ဂလိပ်စာ စာမေးပွဲမှာ ဖြေဆိုသူ ၂ ဦးက Ai မျက်မှန်သုံးပြီး
လိမ်လည်ဖြေဆိုမှု ပြုလုပ်ခဲ့တာကို ၂ ကြိမ်တိုင် ဖမ်းဆီးမိခဲ့တာပါ။
.
ထိုင်ဝမ်မှာလည်း ဆေးတက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှာ
မျက်မှန်ကို စိုက်ကြည့်နေတဲ့ ကျောင်းသားတစ်ဦးကို သတိထားမိရာကနေ Ai မျက်မှန်တပ်ပြီး စာခိုးချနေတယ်ဆိုတာကို သိရှိခဲ့ကြတာပါ။
.
ဒီလိုမျက်မှန်တွေနဲ့ စာခိုးချတာက
အသစ်အဆန်းမဟုတ်ဘူးလို့ပြောနိုင်ပေမဲ့လည်း Ai ထည့်သွင်းထားတဲ့
မျက်မှန်တွေကတော့ စွမ်းဆောင်ရည် ပိုမြင့်မားလာသလို ဈေးလည်း ပိုသက်သာလာတာကြောင့်
ကျောင်းသားတွေကြားမှာ ရေပန်းစားလာကြတာပါ။
.
တောင်ကိုရီးယားနိုင်ငံတွင်း စာမေးပွဲတွေနဲ့
ထိုင်ဝမ်နိုင်ငံတွင်းစာမေးပွဲတွေမှာ Ai မျက်မှန်သုံးပြီး
ဖြေဆိုသူ တွေကို စတင်တွေ့ရှိလာကြရပြီးတဲ့နောက် စာမေးပွဲခန်းတွေမှာ
မျက်မှန်စစ်ဆေးမှုကို စတင်ပြုလုပ်နေကြ ပါပြီ။
.
ဇွန်လအစောပိုင်းမှာ ပြုလုပ်ခဲ့တဲ့
တရုတ်နိုင်ငံရဲ့ နာမည်ကျော် တက္ကသိုလ်ဝင်စာမေးပွဲမှာလည်း မျက်မှန် စစ်ဆေးမှုတွေ
ပြုလုပ်ခဲ့ကြပါတယ်။ ကျောင်းသား ၁၀ သန်းကျော် ဝင်ရောက်ဖြေဆိုကြတဲ့ ဒီစာမေးပွဲမှာ
ဖြေဆိုသူ အားလုံးရဲ့ မျက်မှန်တွေကို စစ်ဆေးမှု ပြုလုပ်ခဲ့တာပါ။
.
အင်္ဂလန်မှာတော့ စာမေးပွဲကြီးကြပ်ရေးအဖွဲ့က Ai
မျက်မှန်တွေအပြင် နားကြပ်တွေကိုပါ စစ်ဆေးဖို့ အမိန့်ထုတ်ထားပြီး
စာမေးပွဲအတွင်း လိမ်လည်ဖြေဆိုမှုကို ပိုမိုအာရုံစိုက်လာကြပါတယ်။
.
တောင်ကိုရီးယားရဲ့တက္ကသိုလ်ဝင်စာမေးပွဲ
စီမံခန့်ခွဲရေးအဖွဲ့ကတော့ Ai မျက်မှန်တွေအပါအဝင် ဖုန်းနဲ့ နားကြပ်တွေကိုပါ
စာမေးပွဲခန်းထဲယူဆောင်ခွင့်ကို တားမြစ်ထားခဲ့ပြီး လိမ်လည်ဖြေဆိုမှုတွေကို ထပ်မံ ကာကွယ်နိုင်ဖို့အတွက်
ပညာရေးဝန်ကြီးဌာနနဲ့ ဆွေးနွေးနေတယ်လို့ ပြောပါတယ်။
.
“လူသိရှင်ကြား ပေါ်ပေါက်လာတဲ့ ဖြစ်ရပ် အနည်းငယ်ကို
မြင်နေရတယ်ဆိုရင် မဖော်ထုတ်နိုင်သေးတဲ့ အဖြစ် တွေကလည်း
ဒီ့ထက်အများကြီးရှိနိုင်ပါတယ်” လို့ ဩစတြေးလျနိုင်ငံရဲ့ ပညာရေးအကဲဖြတ်မှု ပါရဂူ
ကော်ဘင် က ဆိုပါတယ်။
.
Ai နည်းပညာ ဖွံ့ဖြိုးလာခြင်းနဲ့အတူ Ai မျက်မှန်တွေကလည်း ပိုမိုပါးလွှာလာကြတာမို့ သတိထားမိဖို့ ပိုခက်လာပြီး
အင်တာနက်ချိတ်ဆက်မှုနဲ့ ကိုယ်တိုင်လုပ်ဆောင်နိုင်တဲ့စွမ်းရည်တွေကိုပါ
ထည့်သွင်းလာကြ တာကြောင့် စာမေးပွဲတွေရဲ့ ယုံကြည်စိတ်ချရမှုကိုပါ ထိခိုက်လာနေတာပါ။
.
အမေရိကန်ရဲ့နည်းပညာကုမ္ပဏီဖြစ်တဲ့ Meta က Ray-Ban နဲ့ ပူးပေါင်းပြီး Ai ပါတဲ့မျက်မှန်တွေကို ၂၀၂၃ ခုနှစ်ကုန်ခါနီးမှာ စတင်မိတ်ဆက်ခဲ့တာပါ။
နောက်ပိုင်းမှာတော့ မော်ဒယ်အသစ်တွေကိုပါ ထပ်မံထုတ်လုပ် ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၅
ခုနှစ် တစ်နှစ်တည်းမှာတင် Ai မျက်မှန် ၇ သန်းကျော်
ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။
.
Source – CNN
.

No comments:
Post a Comment