Bigbang အဖွဲ့ဝင် ဒယ်ဆောင်း နဲ့ KARA ရဲ့ ယွန်းဂျီ တို့ ချစ်သူဖြစ်နေကြောင်း သတင်းထွက် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 22, 2026

Bigbang အဖွဲ့ဝင် ဒယ်ဆောင်း နဲ့ KARA ရဲ့ ယွန်းဂျီ တို့ ချစ်သူဖြစ်နေကြောင်း သတင်းထွက်

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်

.

တောင်ကိုရီးယားရဲ့ နာမည်ကျော် ကေပေါ့ပ်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BigBang အဖွဲ့ဝင် ဒယ်ဆောင်းနဲ့ KARA အဖွဲ့ဝင် ဟာယွန်းဂျီ တို့နှစ်ယောက် တွဲနေကြပြီဆိုတဲ့သတင်းက ကိုရီးယားမီဒီယာတွေမှာရော ပရိသတ် တွေဆီမှာပါ ပျံ့နေပါပြီ။

.

.

သူတို့နှစ်ယောက်ကို MAMAMOO အဖွဲ့ရဲ့ဖျော်ဖြေပွဲတစ်ခုမှာ အတူရှိနေတာကို တွေ့လိုက်ရပြီးတဲ့နောက် သတင်းတွေက ရက်ပိုင်းအတွင်း ပျံ့နှံ့လာခဲ့တာပါ။

.

ဒယ်ဆောင်းရဲ့အေဂျင်စီဖြစ်တဲ့ R&D ကတော့ သူတို့နှစ်ယောက် တွဲနေတာမဟုတ်ကြောင်း ငြင်းထားပြီး ဖျော်ဖြေပွဲကို အတူသွားကြည့်ခြင်းသာ ဖြစ်တဲ့အကြောင်း ပြောခဲ့တာပါ။

.

“သူတို့နှစ်ယောက်က Zip Daesung အစီအစဉ်ပြီးသွားတဲ့နောက် ပိုရင်းနှီးလာကြပြီး MAMAMOO ဖျော်ဖြေပွဲ ကို သွားခဲ့ကြတာပါ။ သူတို့နှစ်ယောက်က ရင်းနှီးတဲ့မိတ်ဆွေတွေသာ ဖြစ်ကြပြီး ချစ်သူဖြစ်နေတယ် ဆိုတဲ့ သတင်းတွေက မမှန်ပါဘူး” လို့ အေဂျင်စီဖက်က တုံ့ပြန်ထားပါတယ်။

.

ယွန်းဂျီက ဒယ်ဆောင်းရဲ့ Youtube အစီအစဉ်ဖြစ်တဲ့ Zip Daesung မှာ ဧည့်သည်အဖြစ် ပါဝင်ခဲ့ဖူးပြီး သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဒီလတွေထဲမှာမှ တပူးတွဲတွဲ ဖြစ်လာကြတာလည်း ဖြစ်ပါတယ်။

.

ကေပေါ့ပ်လောကထဲမှာ ပွဲထွက်ခဲ့တာ အနှစ် ၂၀ လောက်ရှိပြီဖြစ်တဲ့ ဒယ်ဆောင်းက သူ့ရဲ့အနုပညာ သက်တမ်းတစ်လျှောက် တရားဝင်တွဲခဲ့တဲ့ ချစ်သူ မရှိခဲ့သလို သူ့ရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ ပတ်သက်ပြီး မီဒီယာတွေကို ထုတ်ဖော်မပြသူအဖြစ် နာမည်ကြီးသူလည်း ဖြစ်ပါတယ်။

.

Source – Soompi

.

No comments:

Post a Comment

Pages