ယနေ့အတွက် ကမ္ဘောဇတိုင်းရဲ့ သတင်းများ (ရုပ်သံ) - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Advertisement

Advertisement
GAZE Amusement

Monday, June 22, 2026

ယနေ့အတွက် ကမ္ဘောဇတိုင်းရဲ့ သတင်းများ (ရုပ်သံ)



■ ဟိုပုံးမြို့ထဲမှာ ရပ်နားပြီး ကုန်တင်ကုန်ချပြုနေတဲ့ ကားကြီးတွေကြောင့် ယာဉ်အန္တရာယ် ဖြစ်မှာကို စိုးရိမ်နေရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့ပေါ်မှာရှိတဲ့  ပြည်ထောင်စုလမ်းမပေါ်မှာ ရပ်နားပြီး ကုန်တင်ကုန်ချ ပြုလုပ်တဲ့ ကားကြီးတွေကြောင့် ယာဉ်ကြော ပိတ်ဆို့ပြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေရတယ်လို့ သိရပါတယ်။

.

■ ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်ရဲ့ ဂူဗိမာန်ကို ထိန်းသိမ်းထားပြီး လာရောက်လေ့လာနိုင်

အင်္ဂလိပ် နယ်ချဲ့တွေကို ရွပ်ရွပ်ချွန်ချွန် တော်လှန်ခဲ့တဲ့ ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်ရဲ့ အုတ်ဂူကို ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ ချမ်းသာရပ်ကွက်မှာ ထိန်းသိမ်း ထားရှိပြီး ဘယ်သူမဆို လာရောက် လေ့လာနိုင်တယ်လို့ သိရပါတယ်။

.

■ မက်ဆီရဲ့စံချိန်ကို ချိုးဖျက်လိုက်တဲ့ ယာမယ်

မနေ့ညက ကစားခဲ့တဲ့ စပိန်အသင်းနဲ့ ဆော်ဒီအသင်းတိုရဲ့ပွဲစဉ်မှာ စပိန်အတွက် ဂိုးသွင်းပေးခဲ့တဲ့ ယာမယ်က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးသွင်းခဲ့တဲ့ ၈ ဦးမြောက် အသက်အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

No comments:

Post a Comment

Pages