■ ဟိုပုံးမြို့ထဲမှာ
ရပ်နားပြီး ကုန်တင်ကုန်ချပြုနေတဲ့ ကားကြီးတွေကြောင့် ယာဉ်အန္တရာယ် ဖြစ်မှာကို
စိုးရိမ်နေရ
ရှမ်းပြည်နယ်တောင်ပိုင်း၊
ဟိုပုံးမြို့ပေါ်မှာရှိတဲ့
ပြည်ထောင်စုလမ်းမပေါ်မှာ ရပ်နားပြီး ကုန်တင်ကုန်ချ ပြုလုပ်တဲ့
ကားကြီးတွေကြောင့် ယာဉ်ကြော ပိတ်ဆို့ပြီး ယာဉ်အန္တရာယ်၊
လမ်းအန္တရာယ် ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေရတယ်လို့ သိရပါတယ်။
.
■ ဝန်းသိုစော်ဘွားကြီး
ဦးအောင်မြတ်ရဲ့ ဂူဗိမာန်ကို ထိန်းသိမ်းထားပြီး လာရောက်လေ့လာနိုင်
အင်္ဂလိပ်
နယ်ချဲ့တွေကို ရွပ်ရွပ်ချွန်ချွန် တော်လှန်ခဲ့တဲ့ ဝန်းသိုစော်ဘွားကြီး
ဦးအောင်မြတ်ရဲ့ အုတ်ဂူကို ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊
ချမ်းသာရပ်ကွက်မှာ ထိန်းသိမ်း ထားရှိပြီး ဘယ်သူမဆို လာရောက် လေ့လာနိုင်တယ်လို့ သိရပါတယ်။
.
■ မက်ဆီရဲ့စံချိန်ကို
ချိုးဖျက်လိုက်တဲ့ ယာမယ်
မနေ့ညက ကစားခဲ့တဲ့ စပိန်အသင်းနဲ့ ဆော်ဒီအသင်းတိုရဲ့ပွဲစဉ်မှာ စပိန်အတွက် ဂိုးသွင်းပေးခဲ့တဲ့ ယာမယ်က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးသွင်းခဲ့တဲ့ ၈ ဦးမြောက် အသက်အငယ်ဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။
No comments:
Post a Comment