တောင်ကြီးတွင် ဖဲရိုက်လောင်းကစားသူများ အပါအဝင် ၁၅ ဦး အဖမ်းခံရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, June 6, 2026

တောင်ကြီးတွင် ဖဲရိုက်လောင်းကစားသူများ အပါအဝင် ၁၅ ဦး အဖမ်းခံရ



ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် ယမန်နေ့ ဇွန်လ ၅ ရက်၊ ညနေပိုင်းက ဖဲရိုက်လောင်းကစား ပြုလုပ်နေသူများ အပါအဝင် စုစုပေါင်း ၁၅ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
.
တောင်ကြီးခရိုင်မှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ ဇွန်လ ၅ ရက်၊ ညနေ ၄ နာရီခွဲ ခန့်က တောင်ကြီးမြို့၊ ညောင်ရွှေဟော်ကုန်းရပ်ကွက်၊ ဥဩလမ်းရှိ နေအိမ် တစ်ခုအား ဝင်ရောက်ရှာဖွေ ရာ အိမ်ရှင်နှင့် အတူ ဖဲရိုက်လောင်းကစား ပြုလုပ်နေသူ ၁၀ ဦး၊ ဖဲဝိုင်း ရပ်ကြည့်နေသူ ၅ ဦး၊ စုစုပေါင်း ၁၅ ဦး တို့ကို ဖဲလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေး ငွေစက္ကူ စုစုပေါင်း ၁၂၁၃၀၀ဝ ကျပ်တို့နှင့်အတူ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.

“လုပ်နေတာ ကြာပြီဖြစ်တဲ့ ချိန်းဝိုင်းပါ။ ပြည်သူ တစ်ဦးက တိုင်ကြားလာလို့ ဝင်ဖမ်းလိုက်တာပါ။” ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။

.
အဆိုပါ ဖမ်းဆီးရမိသူ ၁၅ ဦးအား တောင်ကြီးနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.
#KBZTai #Shan #Taunggyi

No comments:

Post a Comment

Pages