.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်
.
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်နယ်မြေတွင်
အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ပြုလုပ် ခဲ့သည့် တရားမဝင် အဆောက်အအုံ ၄၅
လုံးကို ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်သည်ဟု သိရသည်။
.
.အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို
အခြေချလုပ်ကိုင်ခဲ့ကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ
တရားမဝင်အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများနှင့်
လုပ်ငန်းလုပ်ဆောင် ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများအား
စနစ်တကျဖျက်ဆီးခြင်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိရာ
ယမန်နေ့ ဇွန်လ ၈ ရက်တွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၃ ထပ် လူနေ
အဆောက်အအုံ ၃ လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့ကြောင်း သိရသည်။
.
ရွှေကုက္ကိုလ်နယ်မြေအတွင်း
အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့်
အဆောက်အအုံ ၇၇ လုံးအနက် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၅၇
လုံးနှင့် ဖောက်ခွဲ ဖျက်ဆီးမည့် အဆောက်အအုံ ၂၀ လုံးဟူ၍ အဆောက်အအုံအမျိုးအစားအလိုက်
ခွဲခြားသတ်မှတ်ပြီး စနစ်တကျဖြိုချဖျက်ဆီးလျက်ရှိကြောင်း သိရှိရသည်။
.
ထို့အပြင် ကျန်ရှိနေသည့် တရားမဝင် အဆောက်အအုံ ၃၂
လုံးကိုလည်း ဆက်လက်ပြီး စနစ်တကျ ဖျက်ဆီး သွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:
Post a Comment