ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၌ ယနေ့ ဇွန်လ ၈ ရက်၊ ညနေပိုင်းတွင် တရားမဝင် စက်သုံးဆီ မှောင်ခို ရောင်းချနေမှုအား ပူးပေါင်းအဖွဲ့က ဖမ်းဆီး အရေးယူခဲ့ကြောင်း သိရသည်။
.
ရွှေညောင်မြို့၊
သုခချမ်းသာရပ်ကွက်၊ ရွှေညောင် - ရပ်စောက်သွား ကားလမ်းဘေးရှိ ဒေါ်ချိုချိုသဲ
၏ နေအိမ်တွင် စက်သုံးဆီများ ရောင်းချနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များ၊ ရေနံကြီးကြပ်ရေးဌာန
(ရွှေညောင်)မှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်
သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ တရားမဝင် ရောင်းချနေသည့်
ဓါတ်ဆီ၊ ဒီဇယ်နှင့် ဆက်စပ်ပစ္စည်းများကို စစ်ဆေးတွေ့ရှိခြင်း
ဖြစ်ကြောင်း သိရသည်။
“ ပတ်ဝန်းကျင်က တိုင်လို့ သွားရောက် စစ်ဆေးပြီး ဖမ်းဆီးတာပါ။ လူနေ ရပ်ကွက်ထဲမှာ ရောင်းနေတာ ဖြစ်တဲ့အပြင် မှောင်ခိုရောင်းတဲ့သူ ဆိုတာ ပေါ်ပေါက်လို့ အရေးယူထားပါတယ်။” ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။
.
အဆိုပါ
တရားမဝင် စက်သုံးဆီများအား လုပ်ငန်း လိုင်စင် မရှိဘဲ သိုလှောင်/ဖြန်ဖြူး/ရောင်းချသူ
ဒေါ်ချိုချိုသဲအား ရွှေညောင်နယ်မြေ ရဲစခန်းတွင် ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်
ရှိကြောင်း သိရသည်။
.
#KBZTai #Shan #ShweNyaung


No comments:
Post a Comment