တောင်ကြီးတွင် အမျိုးသား တစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀ ဖမ်းမိ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, June 14, 2026

တောင်ကြီးတွင် အမျိုးသား တစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀ ဖမ်းမိ


ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်တွင် ယမန်နေ့ ဇွန်လ ၁၃ ရက်၊ ညနေပိုင်းက အမျိုးသား တစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀ အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.
တောင်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ ဇွန်လ ၁၃ ရက်၊ ညနေ ၄ နာရီခန့်က တောင်ကြီးမြို့၊ ရွှေတောင်ရပ်ကွက်အတွင်း နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် ရွှေတောင် ရပ်ကွက်၊ နယ်မြေ (၄)၊ တောင်တန်းရှည်လမ်းမပေါ်တွင် မသင်္ကာဖွယ် အမျိုးသား တစ်ဦးအား တွေ့ရှိရသဖြင့် စစ်ဆေးမေးမြန်းရာ ရဲမင်းထွန်း (ခ) တုတ်ပေါ ဆိုသူ ဖြစ်ကြောင်း သိရပြီး ၎င်းဝတ်ဆင် ထားသည့် ဂျင်းဘောင်းဘီ အိတ်ကပ်အတွင်းမှ ပလပ်စတစ်အိတ် အကြည် အငယ်ဖြင့် ထည့်ထားသည့် စိတ်ကြွ မူးယစ်ဆေးဝါးဟု ယူဆရသော WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၃၀ ပြား၊ အလေးချိန် ၂ ဒသမ ၇ ဂရမ်ခန့်အား ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ ရဲမင်းထွန်း (ခ) တုတ်ပေါ အား တောင်ကြီး မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
#KBZTai #Shan #Taunggyi #Drugs

No comments:

Post a Comment

Pages