မော်ရိုကို နဲ့ တစ်မှတ်စီ ခွဲယူပြီး ကျေနပ်ခဲ့ရတဲ့ ဘရာဇီး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, June 14, 2026

မော်ရိုကို နဲ့ တစ်မှတ်စီ ခွဲယူပြီး ကျေနပ်ခဲ့ရတဲ့ ဘရာဇီး



ဇွန်လ ၁၄ ရက်၊ မြန်မာစံတော်ချိန် မနက် ၄-၃၀ မှာ ကစားခဲ့ကြတဲ့ ဘရာဇီးနဲ့ မော်ရိုကို ကတော့ တစ်ဖက် တစ်ဂိုးစီ သရေ ကျခဲ့ကြပြီး တစ်မှတ်စီနဲ့ကျေနပ်လိုက်ကြရပါတယ်။
.
ဘရာဇီးရဲ့ ပွဲထွက် လူစာရင်းမှာ ကွန်ညာ မပါခဲ့ဘဲ ပါကေးတား ကို အန်ဆယ်လော့တီက ပွဲထုတ်ခဲ့ပြီး တိုက်စစ်မှာ အီဂေါသီယာဂို၊ ရာဖင်ညာ၊ ဗီနီးရှပ်စ်တို့နဲ့ ပွဲထွက်ခဲ့တာပါ။ မော်ရိုကိုဖက်မှာလည်း ဘရာဟင်ဒီယာ့ဇ်၊ မက်ဇာရာဝီ၊ ဟာကီမီ တို့နဲ့ လူစုံခဲ့ကြပါတယ်။
.
ဘရာဇီးက ဒီပွဲမှာ မော်ရိုကို ကို အသာစီးက ကစားဖို့ ခက်နေခဲ့ပြီး မော်ရိုကိုရဲ့ ခံစစ်နဲ့တိုက်စစ် အပြောင်းအလဲတွေကို လူးလှိမ့်နေအောင် ခံခဲ့ရတာပါ။ အထူးသဖြင့် ဘရာဇီးရဲ့ အား အသန်ဆုံးဖြစ်တဲ့ ဗီနီးရှပ်စ်ရဲ့ ဘယ်ခြမ်းက မော်ရိုကို အသင်းခေါင်းဆောင် ဟာကီမီ နဲ့ တွေ့နေခဲ့ပြီး ဟာကီမီ ကို ကျော်ဖြတ်နိုင်ဖို့ တစ်ပွဲလုံး ရုန်းကန်ခဲ့ရတာပါ။
.
ပွဲချိန် ၁၄ မိနစ်မှာ ရာဖင်ညာတစ်ယောက် ဆန်းတို့စ်ရဲ့ ဖန်တီးပေးမှုကနေ အပိုင် ခေါင်းတိုက်ခွင့် ရခဲ့ပေမယ့် လွဲသွားခဲ့လို့ ဘရာဇီးတို့ ဦးဆောင်ဂိုးရမယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရတာပါ။ ပွဲချိန် ၂၁ မိနစ်မှာ ဘရာဟင်ဒီယာ့ဇ်ရဲ့ လှပတဲ့ ပေးပို့မှုက တစ်ဆင့် ဆိုင်ဘာရီက မော်ရိုကိုအတွက် ဦးဆောင်ဂိုး သွင်းသွားခဲ့လို့ ဘရာဇီးတို့ နောက်ကတောင် လိုက် ကစားခဲ့ရပါတယ်။ ဗီနီးရှပ်စ်ရဲ့ဘယ်ခြမ်းက ကြပ်နေပေမယ့်လည်း တတ်နိုင်သမျှ ရုန်းကစားပေးခဲ့လို့ အဲဒီနေရာကပဲ ဂိုးရသွားခဲ့ပြီး ပွဲချိန် ၃၂ မိနစ်မှာ ဗီနီးရှပ်စ်က တစ်ကိုယ်တော် ခြေစွမ်းပြပြီး ဘရာဇီးအတွက် ချေပဂိုး ရယူပေးသွားခဲ့ပါတယ်။
.
ဒုတိယပိုင်းမှာ ကွန်ညာဝင်လာပေမယ့် ဘရာဇီးတိုက်စစ်က သိသိသာသာ တက်လာတာမျိုး မရှိဘဲ ဂိုးရဖို့ ရုန်းကန်နေခဲ့ရပါတယ်။
.
ဒီပွဲမှာ မော်ရိုကို က ဂိုးသွင်းခွင့်တွေကို ဘရာဇီးထက် ပို ဖန်တီးနိုင်ခဲ့ပြီး သူတို့ရဲ့ အသင်းလိုက်ကစားပုံ ဘယ်လောက် ကောင်းလဲဆိုတာပြသ သွားနိုင်ခဲ့တာပါ။ ဒီပွဲမှာ ဘရာဇီး မနိုင်ခဲ့ဘူးဆိုပေမယ့် ဗီနီးရှပ်စ်ကတော့ ချီးကျူးဖို့ ကောင်းခဲ့ပြီး တိုက်စစ်မှာတင် မဟုတ်ဘဲ ခံစစ်ကိုပါ လိုက် ကစားပေးနိုင်ခဲ့တဲ့အပြင် မော်ရိုကို ရဲ့ တိုက်စစ်ကို တချိန်လုံး လိုက် တားပေးနေခဲ့တာပါ။
.
ပထမပိုင်းမှာ ၁-၁ သရေကျခဲ့လို့ ဒုတိယပိုင်းမှာ ဂိုးတွေ ထပ်မြင်ရလိမ့်ဦးမယ်လို့ ထင်ခဲ့ပေမယ့် ဘရာဇီးရဲ့ ကစားပုံက ဘာဖြစ်ချင်နေမှန်း မသိ ဖြစ်သွားခဲ့ပြီး ပေးပို့မှု အမှားတွေ၊ ဆုံးဖြတ်ချက် အမှားတွေ တသီကြီးနဲ့ အလုပ် မဖြစ်တာကို တွေ့ခဲ့ရတာပါ။ တစ်ဦးချင်း ကျော်ဖြတ်မှု အားနည်းခဲ့တဲ့အပြင် အသင်းလိုက် ကစားပုံမှာလည်း အားနည်းချက်တွေ ရှိခဲ့တာကြောင့် ဘရာဇီးတို့ မော်ရိုကို ကို မနိုင်ခဲ့တာလို့ ပြောရမှာ ဖြစ်ပြီး
မော်ရိုကို ကတော့ သူတို့နဲ့ ထိုက်တန်တဲ့ သရေတစ်မှတ်ကို ဘရာဇီး ဆီကနေ ခွဲဝေ ရယူသွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

.
#KBZTai #Shan #WC2026 #Football

No comments:

Post a Comment

Pages