ကမ္ဘာ့ဖလားမှာ လေ့ကျင့်ခန်းတောင် မလုပ်ရသေးခင် ဖိနပ်တွေ အခိုးခံလိုက်ရတဲ့ အင်္ဂလန်အသင်း - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, June 14, 2026

ကမ္ဘာ့ဖလားမှာ လေ့ကျင့်ခန်းတောင် မလုပ်ရသေးခင် ဖိနပ်တွေ အခိုးခံလိုက်ရတဲ့ အင်္ဂလန်အသင်း

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၄ ရက်

.

၂၀၂၆ ကမ္ဘာ့ဖလားအတွက် အင်္ဂလန်အသင်းရဲ ပထမဆုံးလေ့ကျင့်ရေးအစီအစဉ် မစတင်ရသေးခင်မှာပဲ အသင်းကစားသမားတွေရဲ့ ဘောလုံးကန်ဖိနပ်တွေ အခိုးခံလိုက်ရလို့ တော်တော်လေး တိုင်ပတ်သွားခဲ့ ပါတယ်။

.

.

ဒီခိုးယူမှုက အသင်းပြိုင်ပွဲမတိုင်မီ အခြေစိုက်လေ့ကျင့်ရာ နေရာဖြစ်တဲ့ ဖလော်ရီဒါပြည်နယ်၊ မစ်ဇူရီမှာရှိတဲ့ လေ့ကျင့်ရေးစခန်းဆီကို ပစ္စည်းပို့ဆောင်နေစဉ်အတွင်း ဖြစ်ပွားခဲ့တာပါ။

.

ခိုးယူခံရတဲ့ပစ္စည်းတွေထဲမှာ အင်္ဂလန်အသင်း ကစားသမားတွေ ဝတ်ဆင်မယ့် တန်ဖိုးကြီး ဘောလုံးကန် ဖိနပ်တွေ၊ ပြိုင်ပွဲသုံး တရားဝင်ဘောလုံးတွေနဲ့ လေ့ကျင့်ရေးပစ္စည်းတွေ ပါဝင်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

.

ကန်ဆပ်စ်မြို့ရဲဌာနကတော့ ဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေပြီး လက်ရှိမှာ သံသယရှိသူ ၂ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ အတည်ပြုထားပါတယ်။

.

အင်္ဂလန်အသင်းနည်းပြ တူချယ် ဦးဆောင်တဲ့ အသင်းဟာ စနေနေ့ နေ့လည်ပိုင်းမှာ လေ့ကျင့်ရေး စတင်ခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်အပေါ် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က မှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။

.

ကမ္ဘာ့ဖလားပြိုင်ပွဲတွေဆိုရင် ကံမကောင်းတတ်တဲ့ အင်္ဂလန်အသင်းအတွက်တော့ ဒီဖြစ်ရပ်က နမိတ်ပြ နေတာပဲလို့ ပရိသတ်တွေက မှတ်ချက်ပေးထားကြတာပါ။

.

၁၉၆၆ ခုနှစ်နောက်ပိုင်းက စလို့ နိုင်ငံတကာဆုဖလားတွေနဲ့ ဝေးကွာခဲ့ရတဲ့ အင်္ဂလန်ဟာ ဒီပြိုင်ပွဲအတွက် တော်တော်လေး အားစိုက်နေပြီး လာမယ့် ဗုဒ္ဓဟူးနေ့မှာ ခရိုအေးရှားအသင်းနဲ့ အုပ်စုအဖွင့်ပွဲ ကစားရမှာလည်း ဖြစ်ပါတယ်။

.

Source – Guardian

.

No comments:

Post a Comment

Pages