.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၄ ရက်
.
တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်တွင် ယမန်နေ့ ဇွန်လ
၁၃ ရက်၊ ညပိုင်းက CANTER ကားနှင့် ဆိုင်ကယ် တိုက်မိပြီး ဆိုင်ကယ်မောင်းနှင်သူ
သေဆုံးမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
.
.ကံကြီးရပ်ကွက်၊ တောင်ကြီး-ကျောက်တလုံးလမ်း၊ DENKO
ဓါတ်ဆီဆိုင်ရှေ့တွင် ယမန်နေ့ ဇွန်လ ၁၃ ရက်၊ ည ၁၀ နာရီခွဲခန့်က ကျောက်တလုံးဘက်မှ
တောင်ကြီးဘက်သို့ မောင်းနှင်လာသော CANTER အဖြူရောင်ယာဉ်သည် မျက်နှာချင်းဆိုင်မှ
တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်နေ လူငယ်တစ်ဦး မောင်းနှင် လာသည့် CBR-150R အမျိုးအစား အနက်ရောင် ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ပြီး CANTER
ယာဉ်မောင်းမှာ အခင်းဖြစ်နေရာမှ မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ လူငယ်အမျိုးသားတွင်
ဦးခေါင်း ပွင့်ထွက်ဒဏ်ရာ၊ ဝဲဒူးခေါင်း ကွဲဒဏ်ရာ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း
သိရသည်။
.
ယာဥ်ထိန်းရုံးသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ကျ
ရဲအရာရှိက “လူကြီးကို တင်ပြပြီးမှ ပြောလို့ရမယ်။ လူကြီးကလည်း လမ်းကြောင်း
သွားနေလို့ပါ” ဟုသာ ပြောဆိုသည်။
.
အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ အခြားသူအား အသက်သေဆုံးအောင်
မော်တော်ယာဉ်အား မဆင်မခြင်မောင်းနှင်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ CANTER ယာဉ်မောင်းအား တောင်ကြီးမြို့မ ရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ - ၂၇၉/၃၀၄ -
က/၂၀၂ ဖြင့် ၂၆ အမှုဖွင့်ပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:
Post a Comment