ပွဲပြီးခါနီးချေပဂိုးနဲ့ နယ်သာလန်ဆီကနေ တစ်မှတ်ခွဲယူသွားတဲ့ ဂျပန် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 15, 2026

ပွဲပြီးခါနီးချေပဂိုးနဲ့ နယ်သာလန်ဆီကနေ တစ်မှတ်ခွဲယူသွားတဲ့ ဂျပန်

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်

.

ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု F ရဲ့ ပွဲကောင်းတစ်ပွဲဖြစ်တဲ့ နယ်သာလန်နဲ့ ဂျပန်ပွဲကတော့ ပရိသတ်ကို ဖျော်ဖြေမှုအပြည့်ပေးနိုင်ခဲ့ပြီး ၂-၂ ဆိုတဲ့ ရလာဒ်နဲ့ အဆုံးသတ်သွားခဲ့ပါတယ်။

.

.

နယ်သာလန်ရဲ့တိုက်စစ်မှာ ဒီပေး အစား ဆမ်းမားဗီးလ်ကို ပွဲထုတ်ခဲ့ပြီး မာလန်၊ ဂတ်ပို တို့နဲ့ တွဲပေးခဲ့တာပါ။ ကွင်းလယ်မှာ ဒီဂျောင်၊ ရိုင်ဒါစ်၊ ဂရာဗန်ဘတ် တို့နဲ့ လူစုံခဲ့တာမို့ နယ်သာလန်က ပွဲချိန်တော်တော်များများမှာ ဂျပန်ကို ဖိအားပေး ကစားနိုင်ခဲ့တာပါ။

.

ဂျပန်က ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အသာမရခဲ့ဘူးဆိုပေမဲ့ သူတို့ရဲ့နည်းစနစ်အတိုင်း ခံစစ်အားပြုတဲ့ တန်ပြန်တိုက်စစ်ကို အကောင်းဆုံး ပုံဖော်နိုင်ခဲ့ပြီး ဂိုးပေါက်ကန်သွင်းခွင့် တွေကိုတော့ နယ်သာလန်နဲ့ တန်းတူ ရခဲ့တာပါ။

.

တစ်ပွဲလုံး အဝါကတ်တစ်ကတ်မှ မထိအောင် ကစားသွားခဲ့တဲ့ ဂျပန်ရဲ့ သန့်ရှင်းတဲ့ ကစားပုံက ကမ္ဘာ့ဖလား ပရိသတ်တွေအတွက် ချီးကျူးစရာဖြစ်ခဲ့ပြီး ဒဏ်ရာရ ကစားသမားတွေ များနေတဲ့အနေအထားမှာ ဂျပန်က ရှိတာလေးနဲ့ အကောင်းဆုံး တုံ့ပြန်ပြသွားတာလို့တောင် ပြောလို့ရပါတယ်။

.

ပွဲချိန် ပထမပိုင်းမှာ နယ်သာလန်က ဖိကစားနေပြီး ဂျပန်ဖက်ကတော့ ခံစစ်ကိုသာ အားပြုနေခဲ့တာပါ။ ဂက်ပို၊ မာလန် တို့ ကန်သွင်းမှုတချို့ ရခဲ့ပေမဲ့ အသုံးမဝင်ခဲ့သလို ဂျပန်ဖက်ကတော့ ထိရောက်တဲ့ တိုက်စစ် ဆင်မှုတွေ သိပ်မလုပ်နိုင်ခဲ့တာလည်း တွေ့ရပါတယ်။

.

ဒုတိယပိုင်းပွဲချိန် ၅၁ မိနစ်မှာတော့ နယ်သာလန်က ဦးဆောင်ဂိုးရသွားခဲ့ပြီး ဗန်ဒိုက်ရဲ့ ခေါင်းတိုက်ဂိုးကို ဂျပန်ဂိုးသမား ဆူဇူကီး ဘယ်လိုမှမကာကွယ်နိုင်ပဲ ဂိုးပေးလိုက်ရတာပါ။

.

နယ်သာလန်ရဲ့ဦးဆောင်မှုက ၇ မိနစ်သာ ခံခဲ့ပြီး ပွဲချိန် ၅၇ မိနစ်မှာ နာကာမူရာ က ဂိုးဧရိယာအစပ်နားကနေ ဂျပန်အတွက် ချေပဂိုးကို လှလှပပ ကန်သွင်းယူပေးသွားခဲ့ပါတယ်။

.

ပွဲချိန် ၆၄ မှာ တစ်ပွဲလုံး ခြေစွမ်းပြနေတဲ့ တောင်ပံကစားသမား ဆမ်မားဗီးလ်က နယ်သာလန်အတွက် ထပ်မံ ဦးဆောင်စေမယ့်ဂိုးကို ဧရိယာအစပ်ကနေပဲ ကန်သွင်းယူသွားခဲ့လို့ နယ်သာလန်တို့ ၂-၁ နဲ့ ဦးဆောင်နိုင်ခဲ့ ပါတယ်။

.

အဲဒီနောက်မှာတော့ နယ်သာလန်က ခံစစ်ကို ပိုအာရုံစိုက်လာပြီး နသန်အကီ၊ ကော့မိုင်နာ တို့ကိုထည့်ပြီး ပွဲကို ထိန်းကစားသွားဖို့ ကြိုးစားခဲ့တာပါ။

.

၈၇ မိနစ်ကျော်လာတဲ့အထိ ဂျပန်ချေပဂိုးရဖို့ ရုန်းကန်နေရတာမို့ ဒီရလာဒ်အတိုင်း ပြီးပြီလို့ ထင်ခဲ့ကြ ပေမဲ့လည်း ပွဲချိန် ၈၉ မိနစ်မှာ ရရှိတဲ့ထောင့်ကန်ဘောကနေ ကာမာဒါ က ခေါင်းတိုက်ပြီး သွင်းသွားခဲ့လို့ ပွဲအပြီးမှာ ၂ ဂိုးစီ သရေကျသွားခဲ့ပြီး ဂျပန်အသင်းက သူတို့နဲ့ ထိုက်တန်တဲ့ သရေတစ်မှတ်ကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

.

No comments:

Post a Comment

Pages