.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၁ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ တောင်လေးလုံးကျေးရွာရှိ
စက်သုံးဆီအရောင်းဆိုင် ၂ ဆိုင်နှင့် လမ်းဘေးတစ်နေရာ၊ စုစုပေါင်း ၃ နေရာတို့တွင် ယမန်နေ့
ဇွန်လ ၂၀ ရက်၊ ည ၁၁ နာရီခွဲကျော်ခန့်က အသံမိုင်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း
သိရသည်။
.
.“အသံမိုင်းဖြစ်ပါတယ် ဟိုလိုမျိုး (ပေါက်ကွဲအား
ပြင်းသည့်) မိုင်းတော့မဟုတ်ဘူး” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
.
တောင်လေးလုံးကျေးရွာရှိ DENKO စက်သုံးဆီဆိုင် အုတ်တံတိုင်း အနီးတွင်လည်းကောင်း၊ Lucky Green Land
စက်သုံးဆီဆိုင် အုတ်တံတိုင်းတွင် လည်းကောင်း၊ တောင်လေးလုံးနှင့် ဟဲဟိုးမြို့အကြား၊
မိုင်တိုင် ၉၆/၉၇ အကြား ပြည်ထောင်စုလမ်းမကြီးဘေးရှိ ရေထွက်မြောင်းပြွန်အတွင်း၌ လည်းကောင်း
အသံမိုင်းများ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အခြား တာဝန်ရှိသူ တစ်ဦးကလည်း “ခြံစည်းရိုးတို့၊ နံရံတို့ကိုပဲ ဖောက်ခွဲတာဆိုတော့ ခြောက်လှန့်တဲ့ သဘော မျိုး
ဖြစ်နိုင်ပါတယ်။ ဆီဆိုင်တွေမှာ ဖြစ်တာဆိုတော့ စဉ်းစားစရာပေါ့။ လမ်းဘေးမှာ ခွဲတဲ့
တစ်လုံးကတော့ ဘာရည်ရွယ်ချက်မှန်း မသိဘူး။ စုံစမ်း စစ်ဆေးမှုတွေ ညကတည်းကနေ ခုထိ
လုပ်နေတုန်းပါပဲ” ဟု ပြောဆိုခဲ့သည်။
.
အဆိုပါ အသံမိုင်းပေါက်ကွဲမှုများကြောင့် စက်သုံးဆီဆိုင်
အဆောက်အအုံများ၌ မျက်နှာကျက်၊ တံခါး၊ မှန်နှင့် အုတ်တံတိုင်းအချို့ အနည်းငယ်ပျက်စီးမှု
ဖြစ်ပေါ်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။
.

No comments:
Post a Comment