Youtube မှာ ကြည့်ရှုသူ သန်း ၆၀၀ ပြည့်သွားခဲ့တဲ့ Twice ရဲ့ “Cheer Up” - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, June 20, 2026

Youtube မှာ ကြည့်ရှုသူ သန်း ၆၀၀ ပြည့်သွားခဲ့တဲ့ Twice ရဲ့ “Cheer Up”

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၀ ရက်

.

တောင်ကိုရီးယား နာမည်ကျော် အမျိုးသမီးတေးဂီတအဖွဲ့ဖြစ်တဲ့ Twice ရဲ့ Cheer Up သီချင်းက Youtube မှာ ကြည့်ရှုသူ သန်း ၆၀၀ ပြည့်သွားခဲ့ပါတယ်။ ဇွန်လ ၂၀ ရက်နေ့ မနက်ပိုင်းမှာ ဒီ တေးသီချင်း ဗီဒီယိုက ကြည့်ရှုသူပေါင်း သန်း ၆၀၀ ပြည့်သွားခဲ့ပြီး Twice ရဲ့ သီချင်းတွေထဲမှာ ကြည့်ရှုသူ သန်း ၆၀၀ ပြည့်ခဲ့တဲ့ ငါးပုဒ်မြောက် သီချင်းဗီဒီယို ဖြစ်လာခဲ့တာပါ။

.

.

Twice ရဲ့သီချင်းတွေဖြစ်ကြတဲ့ TT What is Love? Likey နဲ့ Fancy သီချင်းတွေက Youtube မှာ ကြည့်ရှုသူ သန်း ၆၀၀ ကျော် ရရှိထားပြီးပြီမို့ Cheer Up က သန်း ၆၀၀ ပြည့်တဲ့ ပဉ္စမမြောက်သီချင်း ဖြစ်လာတာပါ။

.

Twice အဖွဲ့ရဲ့ Cheer Up ဗီဒီယို ကို ၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့မှာ စတင်ဖြန့်ချိခဲ့တာမို့ ကြည့်ရှုမှု သန်း ၆၀၀ ပြည့်ဖို့အတွက် ၁၀ နှစ်ကျော်တောင် စောင့်ခဲ့ရတယ်လို့လည်း ပြောရမှာပါ။

.

အမျိုးသမီးအဖွဲ့ဝင် ၉ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ Twice အဖွဲ့က လက်ရှိမှာ ကမ္ဘာလှည့်ဖျော်ဖြေပွဲနဲ့ ၁၀ နှစ်ပြည့် လှုပ်ရှားမှုတွေကို လုပ်ဆောင်နေတာဖြစ်ပြီး အာရှ၊ မြောက်အမေရိကနဲ့ ဥရောပ နိုင်ငံတွေမှာ ဖျော်ဖြေမှုတွေ ပြုလုပ်နေတာပဲဖြစ်ပါတယ်။

.

ပရိသတ်တွေကတော့ ဒီဖျော်ဖြေပွဲပြီးသွားတဲ့နောက် အဖွဲ့လိုက်သီချင်းအသစ်၊ ဒါမှမဟုတ် မန်ဘာ တစ်ယောက်ချင်းစီရဲ့ သီချင်းသစ်တွေ ထွက်လာဖို့ မျှော်လင့်နေကြပေမယ့် Twice ဖက်က တရားဝင် ကြေညာချက် တစ်စုံတစ်ရာ ထွက်လာခြင်းတော့ မရှိသေးပါဘူး။

.

Source – Soompi

.

No comments:

Post a Comment

Pages