အီဂျစ်ကို နောက်ကလိုက်ကစားပြီး သရေတစ်မှတ်စီခွဲယူခဲ့ရတဲ့ ဘယ်လ်ဂျီယံ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, June 16, 2026

အီဂျစ်ကို နောက်ကလိုက်ကစားပြီး သရေတစ်မှတ်စီခွဲယူခဲ့ရတဲ့ ဘယ်လ်ဂျီယံ

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်

.

မနေ့ညက ကစားခဲ့တဲ့ ဘယ်လ်ဂျီယံနဲ့ အီဂျစ်တို့ရဲ့ ကမ္ဘာ့ဖလားပွဲစဉ်မှာတော့ ၁-၁ နဲ့ သရေကျသွားပြီး အမှတ်ခွဲယူလိုက်ရပါတယ်။

.

.

လူကာကူ ကို အရန်ထားပြီး ကီတီလာရေးနဲ့ ပွဲထွက်လာတဲ့ ဘယ်ဂျီယံက ဒီဘရိုင်း၊ ထရော့ဆတ်၊ ဒိုကု တို့ရဲ့ အားနဲ့ တိုက်စစ်ကစားဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမဲ့ အီဂျစ်ရဲ့ မာကျောတဲ့ ကစားပုံနဲ့ တိုက်စစ်ကစားပုံ တွေကြောင့် ထင်သလောက် လွှမ်းမိုးနိုင်ခြင်း မရှိခဲ့တဲ့အပြင် နောက်ကနေလိုက်ပြီးတော့တောင် ကစားခဲ့ရ တာပါ။

.

ဘယ်လ်ဂျီယံတိုက်စစ်မှာ ဒီဘရိုင်း အခွင့်အရေးတွေ ဖြုန်းနေခဲ့တာကြောင့် ဂိုးရဖို့ခက်နေခဲ့ပြီး ဒုတိယပိုင်းမှာ ရတဲ့ ပြစ်ဒဏ်ဘော ကန်သွင်းမှု ဂိုးတိုင်ထိခဲ့တာကလွဲရင် ဒီပွဲမှာ ဒီဘရိုင်းက ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတာ လို့တောင်ပြောလို့ရပါတယ်။

.

အီဂျစ်ကတော့ မာမွတ်နဲ့ ဆာလက်ရှ်တို့ကို အားပြုကစားခဲ့ပြီး ဂိုးဧရိယာအပြင်ဖက်က ကန်ချက်တွေနဲ့ ဂိုးရဖို့ ကြိုးစားခဲ့တာပါ။

.

ပွဲချိန် ၁၇ မိနစ်မှာ အီဂျစ်က ဦးဆောင်ဂိုးအရင်ရခဲ့ပြီး အီမန် အက်စ်ဟာ က ဂိုးဧရိယာအပြင်ဖက်ကနေ ဘောလုံးကို တစ်ချက်ထိန်းပြီး ကန်သွင်းသွားခဲ့တာပါ။

.

ဘယ်လ်ဂျီယံတိုက်စစ်မှာ ဒိုကုတစ်ယောက်တည်း ရုန်းနေသလိုဖြစ်နေပြီး ထရော့ဆတ်နဲ့ အတွဲမမိတာမို့ အထောင်တိုက်စစ်မှူးနေရာက ကီတီလာရေးလည်း ဘာမှလုပ်လို့မရခဲ့ပါဘူး။

.

ပွဲချိန် ဒုတိယပိုင်းမှာတော့ လူကာကူ ဝင်လာပြီး တိုက်စစ်ကစားပုံ အပြောင်းအလဲတွေ ဖြစ်ခဲ့သလို လူကာကူ ဝင်လာပြီး တစ်မိနစ်အတွင်းမှာပဲ ဘယ်လ်ဂျီယံ ချေပဂိုးရခဲ့တာပါ။

.

ပွဲချိန် ၆၆ မိနစ်မှာ လူစားဝင်လာခဲ့တဲ့ လူကာကူ က ဝင်ဝင်လာချင်းပဲ ညာခြမ်းက ထိုးပေးလိုက်တဲ့ဘောလုံးကို အီဂျစ်နောက်ခံလူတွေနဲ့ အပြိုင်ပြေးပိတ်ရင်း ဂိုးရသွားခဲ့တာပါ။ ဒီဂိုးက လူကာကူနဲ့မထိခဲ့ဘဲ ခံစစ်က မိုဟာမက် ဟာနေ နဲ့ထိခဲ့တာမို့ Own Goal အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

.

အဲဒီနောက်ပိုင်းမိနစ်တွေမှာ ဘယ်လ်ဂျီယံက ပိုဖိကစားခဲ့ပြီး အခွင့်အရေးတချို့ရခဲ့ပေမဲ့လည်း အသုံးမချ နိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ တစ်မှတ်စီ ခွဲယူပြီး ကျေနပ်လိုက်ရတာလည်း ဖြစ်ပါတယ်။

.

No comments:

Post a Comment

Pages