၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်
.
အမေရိကန်နဲ့ အီရန်နိုင်ငံအကြား စစ်ပြေငြိမ်းရေး သဘောတူညီချက်
ရသွားပြီဆိုတဲ့ ကြေညာချက်ကြောင့် ရေနံနဲ့ စက်သုံးဆီဈေးတွေ ထိုးကျသွားခဲ့ပြီး
အာရှ-ပစိတ်ဖိတ်ဒေသက စတော့ဈေးကွက်တွေ ပြန်လည် မြင့်တက် လာခဲ့ကြပါတယ်။
ဟောင်ကောင်ဈေးကွက်ကတော့
အစပိုင်းမှာ ၁ ရာခိုင်နှုန်းလောက် တက်လာခဲ့ပေမယ့် နောက်ပိုင်းမှာ ပြန် ကျသွားလို့ ဈေးထပ်တက်လာမှ
ရောင်းဖို့ စောင့်နေသူတွေ အမြတ် ရဖို့ ဆုံးရှုံးသွားခဲ့ရတာပါ။
.
စတော့ဈေးကွက် ပုံမှန်ဖွင့်ချိန် ပြင်ပမှာ အရောင်းအဝယ်ပြုလုပ်တဲ့
အမေရိကန်အနာဂတ်စတော့ စာချုပ်တွေကလည်း မြင့်တက်လာခဲ့ပြီး
နည်းပညာလုပ်ငန်းတွေနဲ့ပတ်သက်တဲ့ စာချုပ်တွေ ဈေး တက်လာခဲ့ကြပါတယ်။
.
ဒီစစ်ပွဲ ရပ်တန့်နိုင်မှုရဲ့ အဓိက အကျိုးဆက်အနေနဲ့
ကမ္ဘာ့ရေနံဈေးနှုန်းက သိသိသာသာ ကျသွားခဲ့ပြီး ၄ ဒသမ ၅ ရာခိုင်နှုန်း အထိ ကျဆင်းသွားတာကို တွေ့ရတာပါ။ ရေနံတစ်စည်ဈေးက ဖေဖော်ဝါရီလကနေ
အခုအချိန်အထိ ပထမဆုံးအဖြစ် တစ်စည်ကို ဒေါ်လာ ၈၃ ဒသမ ၄၀
အောက်ကို ရောက်ရှိလာခဲ့ပါတယ်။
.
ANZ ဘဏ်ရဲ့အာရှသုတေသနအကြီးအကဲ ခွန်းဂို့က ရင်းနှီးမြုပ်နှံသူတွေဟာ
အီရန်နဲ့သဘောတူညီချက်ရဖို့ နီးကပ်နေပြီလို့ ထရမ့်ပြောဆိုချိန်ကတည်းက
သူတို့ရဲ့မြုပ်နှံမှုတွေကို တိုးမြှင့်ထားကြတာ ဖြစ်ပြီး လက်ရှိ တရားဝင် အတည်ပြုချက်
ထွက်လာပြီးတဲ့နောက် ဈေးကွက်တွေ ထပ်ပြီး မြင့်တက်လာခဲ့တာလို့လည်း ဆိုပါတယ်။ ရေနံဈေးနှုန်း
ကျဆင်းလာတာကြောင့် ကမ္ဘာတစ်ဝှမ်း ငွေကြေးဖောင်းပွမှု အန္တရာယ်တွေလည်း
လျော့ကျသွားဖို့ရှိ နေတဲ့အကြောင်း ဂို့ က မှတ်ချက်ပေးလိုက်ပါသေးတယ်။
.
အမေရိကန်နဲ့ အီရန်တို့ သဘောတူညီမှု ရရှိခဲ့ပေမယ့် ကမ္ဘာ့ရေနံနဲ့ စွမ်းအင်
အရောင်းအဝယ်တွေ ပုံမှန် အခြေအနေဆီ ပြန်ရောက်ဖို့ လနဲ့ ချီပြီး
ကြာမြင့်နိုင်တယ်လို့လည်း ကျွမ်းကျင်သူတွေက သတိ ပေးထားပါသေးတယ်။ ပင်လယ်ကွေ့ဒေသမှာ ပိတ်မိနေတဲ့ သင်္ဘောများစွာကို
ပြန်လည် စီမံရမယ့် အခက်အခဲတွေ၊ ဆိပ်ကမ်းနဲ့ စက်ရုံအခြေခံ အဆောက်အအုံတွေ
ပျက်စီးနေမှုတွေအပြင် အီရန်ရေတပ်က ချထားနိုင်တဲ့ ရေမြုပ်မိုင်းတွေကြောင့်
ပြသနာတွေရှိလာမှာကိုလည်း စိုးရိမ်နေကြဆဲပါ။
.
နော်ဝေ အခြေစိုက် ရေကြောင်းအဖွဲ့ရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ
ရင်းဘက်ကန် က ဟောမုဇ် ရေလက်ကြား တစ်ဝိုက်မှာ ထောင်ချီတဲ့ သင်္ဘောတွေ
ပိတ်မိနေတဲ့အကြောင်းနဲ့ အပြည့်အ ဝပြန်လည် လည်ပတ်နိုင်ဖို့ လပေါင်း များစွာ
ကြာမယ့်အကြောင်း ပြောထားပါတယ်။
.
လက်ရှိမှာတော့ ရေလမ်းကြောင်းတွေကို ပုံမှန်အတိုင်း ပြန်သွား လာနိုင်ဖို့
မိုင်းရှင်းလင်းရေး လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ စီစဉ်နေကြပြီး ကမ္ဘာ့စွမ်းအင်နဲ့
သင်္ဘော ပို့ဆောင်ရေး အခြေအနေတွေ ပုံမှန်အတိုင်း ဖြစ်ဖို့ ခက်လိမ့်ဦးမယ့် အကြောင်း
ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
.
Source – BBC

No comments:
Post a Comment