ဇွန်လ ၁၅ ရက်နေ့အတွက် ကမ္ဘာ့ဖလားခန့်မှန်းချက်များ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 15, 2026

ဇွန်လ ၁၅ ရက်နေ့အတွက် ကမ္ဘာ့ဖလားခန့်မှန်းချက်များ

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်

.

.

စပိန်-ကိပ်ဗာဒီ (ည ၁၀-၃၀)

.

စပိန်အတွက်က ဒီအုပ်စုက တော်တော်ချောင်တဲ့အုပ်စုလို့ ပြောနိုင်ပါတယ်။ ကိပ်ဗာဒီ၊ ဆော်ဒီနဲ့ ဥရုဂွေး တို့ပါတဲ့ အုပ်စုမှာ ဥရုဂွေးတစ်သင်းပဲ သတိထားရမယ့် အသင်းဖြစ်ပြီး ကျန်တဲ့အသင်းတွေကတော့ အိမ်ဖြည့် အသင်းထဲ ထည့်ထားလို့ရတဲ့ အသင်းတွေပါ။

.

စပိန်အတွက် ဒီပွဲက အနိုင်သေချာနေတာမို့ မနေ့က ဂျာမနီပွဲလိုပဲ ဘယ်လိုလူစာရင်းနဲ့ ပွဲထွက်လာမလဲ ဆိုတာကိုပဲ ကြည့်ရမှာပါ။ စပိန်မှာ ယာမယ်၊ အီနီကီ ဝီလီယံတို့လို တောင်ပံကစားသမားတွေရှိနေပြီး တိုက်စစ်မှာ အိုယာဇာဘယ်၊ ဖာရန်တောရက်စ် တို့ရှိပါတယ်။ ကွင်းလယ်မှာတော့ ရိုဒရီ၊ ဖေဘီယန်ရုဇ်၊ ပီဒရီ တို့ ကစားဖို့ရှိနေပြီး ခံစစ်မှာ လော်ရန်တေး၊ ကူဘာစီ၊ ကူကူရယ်လာတို့ကို အထိုင်ချကစားမှာပါ။

.

ကိပ်ဗာဒီကတော့ ခံစစ်မှာ ဗီလာရီးယဲလ်က ကော်စတာ၊ ဘင်ဖီကာ က လိုပက်စ် တို့ကလွဲရင် ကြယ်ပွင့် ကစားသမား မရှိတာမို့ စပိန်တိုက်စစ်ကို ပိတ်ဆို့ကစားဖို့ပဲ ကြိုးစားမှာ သေချာပါတယ်။

.

စပိန်ရဲ့အဓိက ကစားသမား ယာမယ် ဒဏ်ရာကနေ ပြန်သက်သာလာပြီး လေ့ကျင့်ခန်းဆင်းနေပေမဲ့ အရေးမကြီးတဲ့ ဒီပွဲမှာ အနားပေးထားတာမျိုးလည်း ဖြစ်လာနိုင်တယ်။ ယာမယ်သာ မပါနိုင်ဘူးဆိုရင် စပိန်ညာခြမ်းမှာ အဲလက်စ်ဘေနာ ကစားဖို့ရှိနေပြီး တိုက်စစ်လည်း အားလျော့လာနိုင်တယ်။

.

တစ်ဖက်မှာလည်း ကိပ်ဗာဒီက ကမ္ဘာ့ဖလားမတိုင်ခင် ခြေစမ်းပွဲတွေမှာ ဆားဘီးယားကို ဂိုးပြတ်နိုင်ခဲ့သလို ဖင်လန်အသင်းကိုတောင် သရေကစားပြထားတယ်။ အသင်းက ယုံကြည်မှုမြင့်တက်နေတဲ့ အနေအထားမို့ စပိန်ကို ခံကစားမှာ အသေအချာပဲ။

.

စပိန် ၃ ဂိုးပြတ်ဖို့ ခက်မယ့်ပွဲ ဖြစ်လာနိုင်ပြီး အမြင့်ဆုံး ၂-၀ လောက်နဲ့ပဲ နိုင်သွားဖို့ရှိတဲ့ပွဲမျိုးပါ။

.

ဘယ်လ်ဂျီယံ - အီဂျစ် (နံနက် ၁-၃၀)

.

ဒီပွဲက အုပ်စု G ရဲ့ပွဲကောင်းတစ်ပွဲဖြစ်ပြီး နိုင်တဲ့အသင်းက အုပ်စုပထမနေရာကို သိမ်းပိုက်သွားနိုင်ဖို့ များတာ မို့ အမှားခံလို့မရတဲ့ ပွဲလို့တောင် ပြောလို့ရတယ်။ ဒီအုပ်စုထဲမှာ ကျန်တဲ့ ၂ သင်းက အီရန်နဲ့ နယူးဇီလန် ဖြစ်တာကြောင့် ဒီပွဲမှာသာ ၃ မှတ်ရထားလိုက်ရင် ဘယ်သူမဆို နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးများသွား ပြီလို့ ပြောလို့ရတယ်။

.

ဘယ်လ်ဂျီယံက နာမည်ကြီးထမင်းငတ် နှစ်တိုင်းဖြစ်ခဲ့တဲ့အသင်းပါ။ ဒီနှစ်မှာလည်း သူတို့လူစာရင်းက ပြောရလောက်အောင် ဟုတ်မနေခဲ့ဘူး။ တိုက်စစ်မှာ လူကာကူ နဲ့ ကီတီလာရေး နေရာလုရမှာဖြစ်ပြီး ကွင်းလယ်မှာတော့ ဒီဘရိုင်း ၊ ထရော့ဆတ်နဲ့ ဒိုကု အတွဲကိုတွေ့ရမှာပါ။ ကွင်းလယ်ဗဟိုမှာ အိုနာနာနဲ့ တိုင်လီမန်း ကစားဖို့များပြီး ခံစစ်မှာတော့ မူနီယာ၊ ဒီကော့ပါ၊ ဒီဘက်စ် တို့ အထိုင်ကစားဖို့များပါတယ်။

.

အီဂျစ်မှာတော့ တိုက်စစ်က ဆာလက်နဲ့ မန်စီးတီးရဲ့ မာမွတ်ရှ် တို့ရှိတယ်ဆိုပေမယ့် တစ်သင်းစလုံးမှာ ဒီနှစ်ယောက်ပဲ အားကိုးလို့ရမယ့်အနေအထားဖြစ်ပြီး ကျန်တဲ့ကစားသမားတွေက ပြည်တွင်းကလပ်တွေမှာ ကန်နေကြတာပါ။

.

ဒါပေမယ့် တစ်ခုရှိတာက ဘယ်လ်ဂျီယံက ခြေစမ်းပွဲတွေမှာ အီဂျစ်နဲ့ ရင်ဆိုင်ရတိုင်း လွယ်လွယ်နဲ့မနိုင်ခဲ့ဘူး။ နောက်ဆုံး ၄ ကြိမ် ထိပ်တိုက်တွေ့ဆုံမှုမှာ ဘယ်လ်ဂျီယံ ၃ ကြိမ်အထိ ရှုံးထားခဲ့တာကိုလည်း ထည့်စဉ်းစား ရမယ်။

.

ကစားသမားပိုင်းမှာ အီဂျစ်က ဘယ်လ်ဂျီယံထက် အားနည်းတယ်ဆိုပေမဲ့ အသင်းလိုက်စွမ်းဆောင်ရည်ရယ်၊ ထိပ်တိုက်တွေဆုံမှုတွေမှာ အားသာခဲ့တာတွေကို ထည့်တွက်ရင် ဒီပွဲမှာ အီဂျစ်အသင်း သရေတစ်မှတ် လောက် ရသွားမယ်လို့ ထင်မိတယ်။

.

ဆော်ဒီ - ဥရုဂွေး (နံနက် ၄-၃၀)

.

ဆော်ဒီက ကမ္ဘာ့ဖလားမတိုင်ခင် ခြေစမ်းပွဲတွေမှာ စိတ်ပျက်စရာရလာဒ်တွေ ဆက်တိုက် ရခဲ့တယ်ဆိုပေမဲ့ ဒီပွဲအတွက် မျှော်လင့်ချက်ရှိမနေတာမျိုးတော့ မဟုတ်ဘူး။ အထူးသဖြင့် ကာဗာနီ ခေတ်အလွန် ဥရုဂွေးရဲ့ တိုက်စစ်မှာ ဒါဝင်နူနက်ဇ်ကို အားကိုးနေရတာမို့ တိုက်စစ်က သိပ်ပြီး မျှော်လင့်လို့ရတဲ့ အခြေအနေ မဟုတ်ဘူး။ ဥရုဂွေးရဲ့အဖြစ်က မနေ့က ကစားခဲ့တဲ့ အီကွေဒေါနဲ့ သွားတူနေပြီး ဗယ်လ်ဗာဒီ၊ အူဂါတေး တို့ ဦးဆောင်မယ့် ကွင်းလယ်ဗဟိုနဲ့ အာရူဂျို၊ ဂျီမီနက်ဇ် ခံစစ်ကိုပဲ အားပြုဆော့ရမလိုဖြစ်နေတယ်။

.

ဆော်ဒီကတော့ ပြည်တွင်းပရိုလိဂ်ကစားသမားတွေကိုပဲ အခြေခံထားပြီး အယ်လ်ဟီလယ်အသင်း ကစား သမား ၅ ယောက်လောက်အထိ ပွဲထွက်လူစာရင်းမှာ ပါလာဖို့ရှိတယ်။ နောက်တစ်ခုက ဒါဝင်နူနက်ဇ်ရဲ့ လက်ရှိကလပ်က အယ်လ်ဟီလယ်မို့ သူ့ကို ဘယ်လိုထိန်းရမလဲဆိုတာ ဆော်ဒီကစားသမားတွေ ကောင်းကောင်း သိနိုင်ပြီး ဥရုဂွေးတိုက်စစ် အလုပ်မဖြစ်တာမျိုးလည်း ဖြစ်သွားနိုင်တယ်။

.

ဥရုဂွေးရဲ့တိုက်စစ် အားနည်းနေတာရယ်၊ ဆော်ဒီတိုက်စစ်က အာရူဂျို၊ ဂျီမီနက်ဇ်အတွဲကို ကျော်ဖို့မလွယ်နိုင် တာရယ်ကို ချိန်ထိုးကြည့်လိုက်ရင် ဒီပွဲက အပြန်အလှန်သွင်းဂိုးတွေ သိပ်မြင်ရဖို့မရှိဘူး။ ဥရုဂွေးတစ်ဂိုး လောက်နဲ့ ကပ်နိုင်သွားတာမျိုးပဲ ဖြစ်မယ်ထင်တယ်။

.

အီရန်-နယူးဇီလန် (နံနက် ၇-၃၀)

…………………………………

နိုင်ငံရေးအရှုပ်အထွေးတွေနဲ့ ဖိအားတွေကြားက အီရန်ရဲ့ခြေစွမ်းကို စောင့်ကြည့်ရမယ့်ပွဲပါ။ အမေရိကန်ကို ပြန်တိုက်ဖို့အတွက် အင်တာမီလန်မှာတောင် မကစားပဲ နိုင်ငံကို ပြန်သွားတဲ့ တိုက်စစ်မှူး တာရီမီ က ဒီပွဲမှာ အီရန်တိုက်စစ်ကို ဦးဆောင်လာမှာပါ။

.

နယူးဇီလန်ကတော့ နော်တင်ဟမ်ဖောရက်စ် တိုက်စစ်မှူး ခရစ်ဝုဒ်ရဲ့အသင်းဖြစ်ပြီး အင်္ဂလန်ပြည်တွင်းလိဂ် တွေမှာ ကစားနေကြတဲ့ ကစားသမားတချို့နဲ့အသင်းကို တည်ဆောက်ထားတာပါ။

.

အီရန်က နောက်ဆုံးခြေစမ်းပွဲ ၃ ပွဲဆက် နိုင်ထားပြီး ကမ္ဘာ့ဖလားမတိုင်ခင်မှာ တည်ငြိမ်တဲ့ခြေစွမ်းကို ပြထားတာပါ။ တစ်ဖက်မှာတော့ နယူးဇီလန်က ဟေတီလိုအသင်းမျိုးကိုတောင် ၄ ဂိုးပြတ် ရှုံးထားတာမို့ သူတို့ရဲ့ခံစစ်ကို အများကြီး မျှော်လင့်ထားလို့တော့မရဘူး။

.

ခြေစွမ်းခြင်းသိပ်မကွာတဲ့ အသင်းနှစ်သင်း တွေ့ကြတဲ့ပွဲဖြစ်တာမို့ ဘောလုံးက ကွင်းလယ်မှာ အချိန်ကုန်နေဖို့ များပြီး ရမှတ် ၃ မှတ်ကိုတော့ အီရန်ပဲ ရသွားလိမ့်မယ်လို့ ထင်မိပါတယ်။

 .

No comments:

Post a Comment

Pages