မေထက်လူကို ခေါ်ယူလိုက်ပြီဖြစ်တဲ့ အမျိုးသမီးလိဂ် လက်ရှိချန်ပီယံ ဧရာဝတီအသင်း - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 15, 2026

မေထက်လူကို ခေါ်ယူလိုက်ပြီဖြစ်တဲ့ အမျိုးသမီးလိဂ် လက်ရှိချန်ပီယံ ဧရာဝတီအသင်း

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်

.

မြန်မာအမျိုးသမီးလိဂ်ရဲ့ လက်ရှိချန်ပီယံ ဧရာဝတီယူနိုက်တက်အသင်းကတော့ လက်ရွေးစင်အသင်း တိုက်စစ်မှူး မေထက်လူ ကို ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။

.

.

ရာသီသစ်အတွက် နိုင်ငံခြားကစားသမား ခေါ်ယူမှုတွေ အများအပြားလုပ်ဆောင်နေတဲ့ ဧရာဝတီက AYA Cup မှာ ခေါင်းတိုက်ဂိုး တစ်ဂိုးသွင်းပေးပြီး ပရိသတ်တွေကို စိတ်ကျေနပ်စေခဲ့တဲ့ မေထက်လူကို အရ ခေါ်ယူ နိုင်လိုက်တာလည်း ဖြစ်ပါတယ်။

.

ပြောရရင်တော့ ဒီရာသီမှာ ဧရာဝတီအမျိုးသမီးအသင်းက အကြည့်သင့်ဆုံးအသင်းဖြစ်နေပါပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ ဘင်္ဂလားဒေ့ရှ် လက်ရွေးစင်အသင်းက ကြယ်ပွင့်တိုက်စစ်မှူး ရီတူ ပေါ်နာ ကို ခေါ်ယူခဲ့တဲ့ ဧရာဝတီက အဲဒီနောက် သိပ်မကြာခင်မှာပဲ ထိုင်း ယူ ၂၀ ကြယ်ပွင့်လေး ခိုပွန် ကို အငှားထပ်ခေါ်နိုင်ခဲ့တာပါ။

.

ရီတူ က တောင်အာရှအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲမှာ ဘင်္ဂလားဒေ့ရှ်ကို ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင် ခဲ့ရုံတင်မကဘဲ ပြိုင်ပွဲရဲ့အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိခဲ့သူမို့ ဧရာဝတီအတွက် မှန်ကန်တဲ့ ခေါ်ယူမှု လို့ ပြောရမှာပါ။

.

ဒါ့အပြင် ပြီးခဲ့တဲ့ ရာသီတုန်းက ဧရာဝတီအသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့တဲ့ ဖိလစ်ပိုင် တောင်ပံကစားသမား အလစ်ဆာ လည်း ရှိနေသေးတာကြောင့် ဧရာဝတီရဲ့တိုက်စစ်က မေထက်လူ၊ ရီတူနဲ့ အလစ်ဆာ အတွဲနဲ့အတူ ရင်ခုန်စိတ်လှုပ်ရှားစရာတွေ ဖြစ်လာမှာ အမှန်ပါ။

.

ပရိသတ်တွေကတော့ ဧရာဝတီအသင်းက ရလာဒ်မကောင်းဘူး ဆိုရင်တောင် ခေါ်ထားတဲ့ ကစားသမားတွေ က အချောလေးတွေမို့ သွားကြည့်ရတာ တန်တယ်လို့ ပြောကုန်ကြတဲ့အထိ ဖြစ်နေကြပါပြီ။

.

No comments:

Post a Comment

Pages