ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ကစားခဲ့တဲ့ အိုင်ဗရီကို့စ်နဲ့
ပြင်သစ်အသင်းတို့ရဲ့ ပွဲမတိုင်မီ က ရုပ်သံမြင်ကွင်းလေး တစ်ခုကို ပြင်သစ်မီဒီယာတွေက
ပြသခဲ့ကြပါတယ်။ အကြောင်းကတော့ တိုက်စစ်မှုး ဘက်ပီနဲ့ ကွင်းလယ်လူ ကန်တီ တို့ နှစ်ယောက်အကြားက
မြင်ကွင်းလေးပါ။
.
ဘက်ပီက ပွဲ မစခင်အချိန်မှာ သူ့ရဲ့ အသင်းဖော်တွေကို လိုက် နှုတ်ဆက်နေခဲ့ပေမယ့်
အဲဒီထဲမှာ ကန်တီ မပါခဲ့ပါဘူး။ ကန်တီ တစ်ယောက် သူ့အနားက ဖြတ်သွားချိန်မှာလည်း
ဘက်ပီက နှုတ် မဆက်ခဲ့သလို ကန်တီကလည်း ဘက်ပီကို နှုတ်မဆက်ဘဲ
ဖြတ်သွားခဲ့တာပါ။
.
ဒီ အဖြစ်အပျက်လေးက ဘာမှ မဟုတ်ဘူးဆိုပေမယ့် အသင်းထဲမှာ စည်းလုံးမှု
ပြိုကွဲနေတာကို ပြသနေတာမို့ မီဒီယာတွေက ဖော်ပြနေကြတာပါ။ ပိုပြီး ပြောစရာ ဖြစ်သွားတာက
အဲဒီပွဲမှာ ပြင်သစ်ရဲ့ စွမ်းဆောင်ရည်က ကောင်းမွန်တာမျိုး မဟုတ်ခဲ့ဘဲ ပွဲအပြီးမှာ အိုင်ဗရီကို့စ် ကို ၂-၁ နဲ့ ရှုံးသွားခဲ့တာပါ။
.
ဒီ နှစ်ယောက်ကြားမှာ ကြီးမားတဲ့ ပြသနာ မရှိခဲ့ဖူးဆိုပေမယ့် ၂၀၂၆
ဧပြီလထဲမှာ ပြင်သစ် အသင်းခေါင်းဆောင် လက်ပတ် လွှဲပြောင်းချိန် ဘက်ပီက ကန်တီဆီကနေ
တိုက်ရိုက် မယူဘဲ အသင်းဖော် တစ်ယောက်ဆီကနေ တဆင့် ယူခဲ့တာမို့
ဒီလုပ်ရပ်ကို လေးစားမှု မရှိတဲ့ လုပ်ရပ်ဆိုပြီး ဝေဖန်ခံခဲ့ရတာမျိုးလည်း
ရှိခဲ့ဖူးတာပါ။
.
အဲဒီ မတိုင်ခင်ကတော့ သူတို့ နှစ်ယောက်ကြားမှာ ဆက်ဆံရေးကောင်းတွေ ရှိခဲ့ပြီး
၂၀၁၈ ကမ္ဘာ့ဖလားကို အတူ ရယူခဲ့ဖူးသလို ဘက်ပီ PSG မှာ
ရှိနေတုန်းက ကန်တီ ကို လာကစားဖို့ ကမ်းလှမ်းဖူးတာတွေတောင် ရှိခဲ့ဖူးတာပါ။
.
Source – TheSun
.
#KBZTai
#Sports #Football #French #Mbappe #Kante

No comments:
Post a Comment