ယနေ့အတွက် ကမ္ဘောဇတိုင်းရဲ့ သတင်းများ (ရုပ်သံ) - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Saturday, June 27, 2026

ယနေ့အတွက် ကမ္ဘောဇတိုင်းရဲ့ သတင်းများ (ရုပ်သံ)



ဒီနေ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂ ရက်အတွင်း ရရှိထားတဲ့ သတင်းတွေထဲက အချို့ကို တင်ဆက်ထားတာ ဖြစ်ပါတယ် -

အောင်ပန်း မြို့မ‌ဈေး ရှေ့မှာ ခွေးကိုက် ခံရလို့ လူ ၄ ဦး ဒဏ်ရာ ရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့ရဲ့ မြို့မဈေး ရှေ့မှာ ဒီနေ့ မနက်ပိုင်းက ခွေးကိုက် ခံရမှု ဖြစ်ပွားခဲ့ပြီး လူ ၄ ဦး ဒဏ်ရာ ရရှိသွားခဲ့တယ်လို့ သိရပါတယ်။ မြိုမဈေး အရှေ့ဖက် ဟိန္ဒူ ဘုန်းကြီးကျောင်း အနီးမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး လူ ၄ ဦး အကိုက် ခံခဲ့ရတဲ့အကြောင်းနဲ့ ကိုက်ခဲ့တဲ့ ခွေးက သေဆုံးသွားပြီး ခွေးရူး မဟုတ်တဲ့အကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

.

တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံကြီးမှာ အခမဲ့ဆေးကုသမှု ပြုလုပ်ပေး

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ရဲ့ စပ်စံထွန်းဆေးရုံကြီးမှာ ပါမောက္ခနဲ့ အထူးကု ဆရာဝန်ကြီးတွေ ပါဝင်တဲ့ အထူးကုဆေးကုသရေး အဖြစ် ဒေသခံ ပြည်သူတွေကို အခမဲ့ ကုသပေးတဲ့ အစီအစဉ်ကို ဇွန်လ ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

.

နယူးကာဆယ်ကွင်းလယ်လူ ဂွီမာရေ့စ်ကို ခေါ်ယူဖို ကြိုတင် သဘောတူညီမှု ရသွားတဲ့ အာဆင်နယ်

နယူးကာဆယ်အသင်းရဲ့အဓိက ကွင်းလယ်ကစားသမား ဘရူနိုဂွီမာရေ့စ်ကို ပေါင်သန်း ၆၀ နဲ့ခေါ်ယူဖို အာဆင်နယ်တို ကနဦး သဘောတူညီမှု ရထားပြီလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ လက်ရှိမှာ ဘရာဇီးအသင်းနဲ့ အတူ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်း ပြနေတဲ့ ဂွီမာရေ့စ်က အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ သဘော တူထားပြီး နှစ်သင်းကြားမှာလည်း အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေက တိုးတက်နေတာပါ။

No comments:

Post a Comment

Pages