.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်
.
တောင်ကိုရီးယားရဲ့ တစ်ကိုယ်တော် အဆိုရှင်တွေနဲ့
ဂီတအဖွဲ့တွေကို ပေါင်းစပ်ထားတဲ့ ဇွန်လအတွက် အဆိုတော် အဆင့်သတ်မှတ်ချက်မှာတော့ BTS
အဖွဲ့က ထိပ်ဆုံးကနေ ဦးဆောင်သွားခဲ့ပါတယ်။
.
.ဒီအဆင့်သတ်မှတ်ချက်ကို ကိုရီးယားစီးပွားရေး သုတေသနအဖွဲ့ကနေ
ထုတ်ပြန်ခဲ့တာဖြစ်ပြီး အမျိုးသားရော အမျိုးသမီး တေးသံရှင်တွေကိုပါ
ပူးတွဲတွက်ချက်ထားတာ ဖြစ်ပါတယ်။
.
မေလ ၂၇ ရက်ကနေ ဇွန်လ ၂၇ ရက်နေ့အထိ
စုဆောင်းထားတဲ့အချက်အလက်တွေကို အခြေခံပြီးတဲ့နောက် မီဒီယာတွေရဲ့ဖော်ပြမှု၊
ပရိသတ်ပါဝင်ဆက်သွယ်မှု၊ ပရိသတ်နဲ့အဆိုရှင်အကြား အပြန်အလှန်တုံ့ပြန်မှုနဲ့
ဆိုရှယ်မီဒီယာမှာ နာမည်ကောင်းရမှု စတာတွေကိုပါ ခွဲခြမ်းစိတ်ဖြာပြီး အဆင့်သတ်မှတ်ထားတာပါ။
.
တောင်ကိုရီးယားရဲ့နာမည်ကျော်
ကေပေါ့ပ်အဖွဲ့ဖြစ်တဲ့ BTS က ကျော်ကြားမှုရမှတ် ၇
သန်းနီးပါးရရှိခဲ့ပြီး နံပတ် ၁ နေရာ ရခဲ့တာပါ။
.
ဒုတိယနေရာမှာတော့ အမျိုးသမီးတေးဂီတအဖွဲ့ဖြစ်တဲ့ RESCENE
က ကျော်ကြားမှုရမှတ် ၆ သန်းကျော်နဲ့ ရပ်တည်ခဲ့ပြီး တတိယနေရာမှာတော့
အဆိုတော် လင်ယန်ဝန်းက ကျော်ကြားမှုရမှတ် ၅ သန်းခွဲကျော်နဲ့ ရပ်တည်ခဲ့တာပါ။
.
တောင်ကိုရီးယားရဲ့ ထိပ်တန်းအဆိုရှင်သတ်မှတ်ချက်မှာ
ထိပ်ဆုံးနေရာတွေနား အမြဲရှိနေတတ်တဲ့ ထရော့ အဆိုတော် လင်ယန်ဝန်းက ပြီးခဲ့တဲ့လကထက်
ရမှတ်တွေ မြင့်တက်လာခဲ့ပြီး ၁၂ ဒသမ ၉၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့တာပါ။
.
စတုတ္တနေရာကိုတော့ RedRed ရဲ့
နာမည်ကျော်အက ပိုင်ရှင် CORTIS အဖွဲ့က ကျော်ကြားမှုရမှတ် ၅ သန်းကျော်နဲ့
သိမ်းပိုက်ထားခဲ့ပြီး ပြီးခဲ့တဲ့လကထက် ၂၃ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်လာခဲ့တာပါ။
.
ပဉ္စမနေရာမှာတော့ မိန်းကလေး
ကေပေါ့ပ်အဖွဲ့ဖြစ်တဲ့ I.O.I က ကျော်ကြားမှုရမှတ် ၄
သန်းကျော်နဲ့ ရပ်တည်နေခဲ့ပြီး နာမည်ကျော် ကေပေါ့ပ်အဖွဲ့ဖြစ်တဲ့ Black Pink တို့ကတော့ ဒီစာရင်းရဲ့အဆင့် ၁၂ နေရာမှာသာ ရပ်တည်နိုင်ခဲ့ကြပါတယ်။
.
Source – Soompi
.

No comments:
Post a Comment