■ ခရိုအေးရှား -
ဂါနာ (နံနက် ၃-၃၀)
.
ဒီပွဲက သရေ ကျတာနဲ့ နှစ်သင်းစလုံး နောက်တစ်ဆင့် တက်နိုင်တဲ့ ပွဲမျိုးမို့
အမှားမခံပဲ ကစားကြမှာပါ။ အုပ်စု ဒုတိယမှာ ရပ်တည်နေတဲ့ ဂါနာက ဒီပွဲမှာ တစ်မှတ် ရရင်
ဒုတိယနေရာကနေ နောက်တစ်ဆင့် တက်နိုင်မှာ ဖြစ်ပြီး ခရိုအေးရှားကလည်း တစ်မှတ်သာ ရရင်
တတိယနေရာကနေ နောက်တစ်ဆင့် တက်နိုင်မှာပါ။
.
ဂါနာက ဒီကမ္ဘာ့ဖလားမှာ ခံစစ်ကို အာရုံစိုက် ကစားနေပြီး ဆီမန်ညို၊
အီနာကီ ဝီလီယံတို့ရဲ့အမြန်နှုန်းနဲ့ တန်ပြန်တိုက်စစ် ကစားနေတာပါ။ နှစ်ပွဲ ကစားပြီး
တစ်ဂိုးမှ မပေးထားရတဲ့ ခံစစ်ပိုင်းက ပနားမားလို အသင်းကိုတောင် တစ်ဂိုးပဲ သွင်းနိုင်ခဲ့တဲ့
ခရိုအေးရှား တိုက်စစ်ကို စိန်ခေါ်နေမှာ အမှန်ပါ။
.
ခရိုအေးရှားကလည်း ကွင်းလယ်မှာပဲ အားသာချက် ရှိနေပြီး တိုက်စစ်နဲ့
ခံစစ်မှာ အားနည်းချက်တွေ ရှိနေပါတယ်။ တစ်မှတ် ရရင် နောက်တစ်ဆင့် တက်မယ့် အနေအထားမှာ
ဂါနာကို အတင်း ဖိအားပေးပြီး ကစားဖို့လည်း အစီအစဉ် ရှိမယ် မထင်ပါဘူး။ သရေကျဖို့ များတဲ့ပွဲပါ။
.
■ ပနားမား -
အင်္ဂလန် (နံနက် ၃-၃၀)
.
အင်္ဂလန်အတွက်တော့ ပြီးခဲ့တဲ့ ပွဲမှာ ဂိုးပေါက် ပျောက်ခဲ့တာကို
ဒီပွဲမှာ ပေါက်ကွဲနိုင်မလား ကြည့်ရမှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် နိုင်တာနဲ့
နောက်တစ်ဆင့် တက်ပြီဆိုတဲ့ အနေအထားမှာ အင်္ဂလန်လူစာရင်း အပြောင်းအလဲတွေလည်း
မြင်ရနိုင်ပါတယ်။
.
ရိစ်ဂျိမ်းနာနေတဲ့ အနေအထားမှာ ညာခြမ်း ခံစစ်အတွက် စပန့်စ်
ပွဲထွက်လာဖို့ ရှိနေပြီး တိုက်စစ်မှာလည်း ရက်ရှ်ဖို့ဒ် ပါလာဖို့ ရှိနေပါတယ်။
.
ပနားမားကတော့ သူတို့ရဲ့ ထုံးစံအတိုင်း ခံစစ်ကို အားပြု ကစားသွားမှာပါ။
ပြီးခဲ့တဲ့ နှစ်ပွဲမှာ တစ်ပွဲကို တစ်ဂိုးပဲ ပေးခဲ့ရတဲ့ ပနားမားရဲ့ ခံစစ် ၅
ယောက်တန်းက အင်္ဂလန်ကို အခက်တွေ့အောင် ကစားဖို့ ကြိုးစားမှာ ဖြစ်ပြီး အင်္ဂလန်ပဲ
ဂိုးနည်းနည်းနဲ့ ကပ်နိုင်သွားမယ့် ပွဲမျိုးပါ။
.
■ ကိုလံဘီယာ -
ပေါ်တူဂီ (နံနက် ၆-၀၀)
.
ဒီနှစ်သင်းအတွက်တော့ နှစ်သင်းစလုံး နောက်တစ်ဆင့် တက်နေပြီမို့
အနိုင် အရှုံးက အရေး မပါတော့ပါဘူး။ ဒါပေမယ့် ပေါ်တူဂီအနေနဲ့ လာမယ့်အဆင့်တွေမှာ
တွေ့ရမယ့် အသင်းတွေကိုတော့ ဒီပွဲရဲ့ အနိုင်အရှုံးကနေ တစ်ဆင့် ဆုံးဖြတ်လို့ရမှာပါ။
.
ပေါ်တူဂီ ဒီပွဲကို နိုင်ရင် ကွာတားအဆင့်မှာ အာဂျင်တီးနားနဲ့ တွေ့ရဖို့
ရှိနေပြီး ဆီမီးဖိုင်နယ်မှာတော့ အင်္ဂလန်၊ ဘရာဇီးတို့လို အသင်းတွေနဲ့ တွေ့ရမှာပါ။
တကယ်လို့ ရှုံးခဲ့တယ် ဆိုရင်တော့ ကွာတားမှာ စပိန်နဲ့တွေ့ပြီး ဆီမီးဖိုင်နယ်မှာ
ပြင်သစ်၊ ဂျာမနီတို့လို အသင်းတွေနဲ့ တွေ့ရမှာမို့ ဘယ်လမ်းကို ရွေးမလဲဆိုတဲ့ အပေါ်လည်း
မူတည်မှာပါ။
.
လက်ရှိ ခြေစွမ်းအရတော့ ကိုလံဘီယာက ပေါ်တူဂီထက် အသင်းလိုက် ကစားပုံ
ပိုကောင်းပြီး တိုက်စစ်မှာတော့ ပေါ်တူဂီက အခွင့်အရေးတွေ ပို ရနိုင်မှာပါ။ ရော်နယ်ဒို
ဂိုးသွင်းနိုင်ဖို့အတွက် သူ့အသင်းဖော်တွေ ဖန်တီးပေးနေကြတာ ပြီးခဲ့တဲ့ ပွဲတုန်းက
မြင်ခဲ့ရတာမို့ ဒီပွဲမှာလည်း ရော်နယ်ဒို ဂိုး ရဖို့ ဝိုင်းပြီး ကူပေးကြဖို့ များပါတယ်။
သရေကျဖို့ များတဲ့ ပွဲ ဖြစ်ပြီး အနိုင်ဆိုရင်တော့ ပေါ်တူဂီကိုပဲ ရွေးထားရမှာပါ။
.
■ ကွန်ဂို - ဥဇဘက်
(နံနက် ၆-၀၀)
.
ကွန်ဂိုအနေနဲ့
ဒီပွဲကိုသာ နိုင်ခဲ့ရင် အုပ်စု တတိယနဲ့ နောက်တစ်ဆင့်ကို တက်သွားမှာပါ။ ဥဇဘက်ကတော့
နိုင်နိုင် ရှုံးရှုံး နောက်တစ်ဆင့်အတွက် မျှော်လင့်ချက် မရှိတော့ပါဘူး။
.
ဥဇဘက်မှာ ခူဇာနော့ တစ်ယောက်ကိုပဲ အားပြု ကစားနေရပြီး ခံစစ်က
ပေါက်နေသလို တိုက်စစ်ကလည်း အားရစရာ မရှိတဲ့ အခြေအနေပါ။ ကွန်ဂိုမှာတော့ ဝစ်ဆာ၊
ဘာကမ်ဘူ တို့နဲ့ တိုက်စစ်ကစားပုံ မဆိုးသလို ခံစစ်ကလည်း ၂ ပွဲမှာ ၂ ဂိုးသာ
ပေးထားရသေးတာပါ။
.
ဘာမှ မျှော်လင့်ချက် မရှိတော့တဲ့ ဥဇဘက် တို့ ကွန်ဂို ကို
အနိုင်ပေးလိုက်ဖို့ များပါတယ်။ ကွန်ဂိုပဲ နိုင်သွားမယ့် ပွဲပါ။
.
■ အယ်လ်ဂျီးရီးယား
- ဩစတြီးယား (နံနက် ၈-၃၀)
.
ဒီ
နှစ်သင်းလုံးက တစ်မှတ်စီ ရရင်ပဲ နောက်တစ်ဆင့် တက်မှာပါ။ ဩစတြီးယားက တစ်မှတ် ရရင်
အုပ်စု ဒုတိယ နေရာကနေ တက်မှာ ဖြစ်ပြီး အယ်လ်ဂျီးရီးယားကတော့ အုပ်စု တတိယနဲ့ တက်မှာပါ။
ဩစတြီးယား အနေနဲ့တော့ ထိပ်ဆုံးက အာဂျင်တီးနားကို ကျော်ပြီး အုပ်စုဗိုလ် ဖြစ်ဖို့က
မဖြစ်နိုင်တော့တာမို့ ဒီပွဲကိုပဲ အင်အား ချွေတာပြီး ကစားသွားမလားဆိုတာ
စောင့်ကြည့်ချင်စရာပါ။
.
တစ်ဖက်မှာလည်း မတော်တဆ အယ်လ်ဂျီးရီးယားကို ရှုံးသွားရင်
နောက်တစ်ဆင့် တက်ဖို့ မသေချာတော့ဘူးမို့ တစ်မှတ် ရဖို့ ရည်ရွယ်ထားတယ်ဆိုရင်တောင်
အမှားခံလို့ မရပါဘူး။ လက်ရှိခြေစွမ်းနဲ့ ကစားပုံအရတော့ မာရက်ဇ် တစ်ယောက်တည်းနဲ့
ရုန်းနေတဲ့ အယ်လ်ဂျီးရီးယားထက် စာရင် ဩစတြီးယား က ပိုကောင်းပြီး ပို ငြိမ်ပါတယ်။ ဩစတြီးယားတို့
အနိမ့်ဆုံး သရေ ရသွားမယ့် ပွဲမျိုးပါ။
.
■ ဂျော်ဒန် -
အာဂျင်တီးနား (နံနက် ၈-၃၀)
.
အာဂျင်တီးနားမှာ ဒီပွဲအတွက် မက်ဆီကို အရန်ခုံ ထိုင်ခိုင်းမယ်လို့
အသိ ပေးထားတဲ့အပြင် အရန် ကစားသမားတွေကို ပွဲထုတ်လာမှာမို့ သတိတော့ ထားရမှာပါ။
အာဂျင်တီးနား တိုက်စစ်မှာ အယ်လ်ဗာရက်ဇ်၊ နီကိုပက်ဇ် တို့ ပွဲထွက်လာမှာ ဖြစ်ပြီး
ကွင်းလယ်မှာလည်း လိုဆယ်လို၊ ပါရီဒက်စ်၊ ပလာစီယို့စ် တို့ ကစားကြဖို့ များပါတယ်။
.
ဂျော်ဒန်ကတော့
ဒီအုပ်စုမှာ ခြေစွမ်းအနိမ့်ဆုံး အသင်း ဖြစ်ပြီး လက်ရှိအချိန်အထိ တစ်ပွဲမှ
မနိုင်သေးပါဘူး။
မက်ဆီ အရန်ခုံ ထိုင်နေမယ် ဆိုပေမယ့် သူ့ရဲ့ စံချိန်တွေ အရတော့
ဒုတိယပိုင်းမှာ ဝင်လာပြီး ဂိုး ရဖို့လည်း ကြိုးစားသွားနိုင်ပါတယ်။ ဂျော်ဒန်ရဲ့တိုက်စစ်ဖွင့်
ကစားတတ်တဲ့ ကစားပုံမှာ အရန်ဆိုရင်တောင် အာဂျင်တီးနားက သာနေမှာ ဖြစ်ပြီး
အာဂျင်တီးနား နိုင်ပွဲဆက်ဦးမှာပါ။
.
#KBZTai #Shan #Sports #Football #WC2026

No comments:
Post a Comment