.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ကူးကော်ကျေးရွာအုပ်စု၊ စံသီးကုန်းကျေးရွာတွင် ဇွန်လ ၁၃ ရက်၊ ညပိုင်းက ကျေးရွာအုပ်စု
အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးမှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
.
.ကူးကော်ကျေးရွာအုပ်စု၊ စံသီကုန်းကျေးရွာနေ ကူးကော်ကျေးရွာအုပ်စု
အုပ်ချုပ်ရေးမှူး ဦးကျော်ဇော သည် ဇွန်လ ၁၃ ရက်၊ ည ၈ နာရီခွဲခန့်က မိသားစုနှင့်အတူ
နေအိမ်၌ ရှိနေစဉ် လက်နက်ကိုင်အဖွဲ့ဝင် ၉ ဦးက ဆိုင်ကယ်များ ဖြင့် ရောက်ရှိလာပြီး ပြည်သူ့စစ်မှုထမ်းအတွက်
ကောက်ခံထားသည့် ငွေများပေးရန် တောင်းခံခဲ့ရာ ဦးကျော်ဇောက ၎င်းအနေဖြင့် ကောက်ခံခြင်းမရှိကြောင်းနှင့်
ငွေများမရှိကြောင်း ပြန်လည်ပြောဆိုစဉ် လက်နက်ကိုင်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ထို့နောက် အဆိုပါ လက်နက်ကိုင်အဖွဲ့သည် ဦးကျော်ဇော၏
ဖခင်နေအိမ်မှ KAMAX 110
အစိမ်း/မီးခိုရောင် ဆိုင်ကယ် ၁ စီး၊ New ZINIC 125
Alpha အဖြူရောင်ဆိုင်ကယ် ၁ စီး၊ အနက်ရောင် ဆိုင်ကယ် ၁ စီး၊ လက်ကိုင်ဖုန်း
၂ လုံး၊ ငွေကျပ် ၂၂ သိန်းနှင့် ရွှေလက်စွပ် ၃ ကွင်း အပါအဝင် စုစုပေါင်း ကာလတန်ဖိုး
၁၉၂ သိန်း ခန့်ရှိ ငွေနှင့် ပစ္စည်းများအား ယူဆောင်ကာ ပြန်ထွက်သွားခဲ့ကြောင်း သိရသည်။
.
ပစ်ခတ်မှုကြောင့် ဦးကျော်ဇောတွင် ယာဂျိုင်းအောက်
ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ လည်ဂုတ် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ညာဘက် ဆီးခုံစပ်
ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲပေါင်ဘေး
ဖောက်ဝင်ဒဏ်ရာ ၁ ချက် တို့ဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
.
ပြီးခဲ့သည့် မေလ ၂၀ ရက်ကလည်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ရွာငံမြို့နယ်၊ ကျောက်ငှက်ရွာတွင် အမျိုးသား ၂ ဦးကို အမည်မသိ လက်နက်ကိုင်များက သေနတ်ဖြင့်
ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့သေးသည်။
.

No comments:
Post a Comment