နေမာ ဒဏ်ရာကနေ ပြန်သက်သာလာပြီ ဖြစ်ကြောင်း ဘရာဇီးအသင်း ကြေညာ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, June 9, 2026

နေမာ ဒဏ်ရာကနေ ပြန်သက်သာလာပြီ ဖြစ်ကြောင်း ဘရာဇီးအသင်း ကြေညာ

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၉ ရက်

.

ဘရာဇီးအသင်းမှာ ရွေးချယ်ခံရပြီးတဲ့နောက် ဒဏ်ရာရသွားခဲ့တဲ့ တိုက်စစ်မှုး နေမာ တစ်ယောက် လက်ရှိမှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီ ဆိုတဲ့အကြောင်း အသင်းတာဝန်ရှိသူတွေက အသိပေးလိုက်ပါတယ်။

.

.

ဘရာဇီးအသင်းနည်းပြ အန်ဆယ်လော့တီဟာ ဒဏ်ရာပြသနာတွေနဲ့ရုန်းကန်နေရတဲ့ နေမာ ကို သူ့ရဲ့ လူစာရင်းမှာ အရဲစွန့်ရွေးခဲ့တာဖြစ်ပြီး လူစာရင်းအတွက် ရွေးချယ်ပြီး သိပ်မကြာခင်မှာပဲ နေမာ က ဒဏ်ရာ ရသွားခဲ့တာပါ။

.

လက်ရှိမှာတော့ နေမာ တစ်ယောက် ဒဏ်ရာကနေ ပြန်သက်သာလာနေပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ပထမပတ် လောက်မှာ အလုံးစုံပြန်ကောင်းဖို့ မျှော်လင့်ထားတဲ့အကြောင်း အသင်းဆရာဝန်တွေက အသိပေး လိုက်တာပါ။

.

နေမာက ကြံ့ခိုင်မှုလေ့ကျင့်ခန်းတွေ ပြန်လုပ်နေပါပြီ။ သူ့ရဲ့ MRI ရလာဒ်တွေကလည်း ကောင်းမွန်သလို တိုးတက်မှုတွေကိုလည်း နေ့တိုင်းတွေ့နေရတာပါ။ ဘရာဇီးအသင်းက သူ့အခြေအနေကို ဆက်တိုက် စောင့်ကြည့်နေပြီး အမြန်ဆုံးပြန်ကောင်းလာဖို့ မျှော်လင့်နေတယ်” လို့ နည်းပြ အန်ဆယ်လော့တီက အတည်ပြုပါတယ်။

.

ဘရာဇီးအသင်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကွင်းလယ်လူ ဝက်စ်လေ ဒဏ်ရာရသွားခဲ့တာကြောင့် ကမ္ဘာ့ဖလား လူစာရင်းကနေ ထွက်လိုက်ရပြီး သူ့နေရာမှာ မန်ယူအသင်းက အသစ်ခေါ်ယူထားတဲ့ ကွင်းလယ်လူ အီဒါဆင် အရွေးခံထားရတာဖြစ်ပါတယ်။

.

Source – ESPN

.

No comments:

Post a Comment

Pages