မအိမ့်ချစ်သူနှင့် မိသားစု အေးမြကရုဏာဓမ္မရိပ်သာအတွက် ငွေကျပ် သိန်း ၁၀၀ လှူဒါန်းပြီး နေ့ဆွမ်း ဆက်ကပ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, June 14, 2026

မအိမ့်ချစ်သူနှင့် မိသားစု အေးမြကရုဏာဓမ္မရိပ်သာအတွက် ငွေကျပ် သိန်း ၁၀၀ လှူဒါန်းပြီး နေ့ဆွမ်း ဆက်ကပ်

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၄ ရက်

.

တေရသမအကြိမ် သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ၊ အလယ်တန်းအဆင့်တွင် မြန်မာတစ်နိုင်ငံလုံး ပထမဆု ရရှိခဲ့သည့် မအိမ့်ချစ်သူ နှင့် မိသားစုသည် ယနေ့ ဇွန်လ ၁၄ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ အေးမြ ကရုဏာဓမ္မရိပ်သာအတွက် ငွေကျပ် သိန်း ၁၀၀ နှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

.

.

မအိမ့်ချစ်သူက အေးမြကရုဏာ စာသင်တိုက်အတွင်း တည်ဆောက်နေသည့် အနန္တဇိန ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအတွက် အလှူငွေကျပ် သိန်း ၁၀၀ ဆက်ကပ် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ဆရာတော်၊ သံဃာတော် များအား ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

.

ထို့နောက် ကျောင်းရှိ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဧည့်ပရိသတ်များနှင့် ဓမ္မစကူးလ် သင်တန်းသားများအား နေ့လယ်စာ ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

.

သုတစုံလင် ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲအလယ်တန်း အဆင့်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော မအိမ့်ချစ်သူ သည် တောင်ကြီးမြို့၊ အေးမြကရုဏာဓမ္မစကူးလ်မှ ဖြစ်ပြီး တိုင်းနှင့် ပြည်နယ်အဆင့်တွင် ရှမ်းပြည်နယ်ကိုယ်စားပြု ပထမဆုကို ရရှိခဲ့ပြီးနောက် ရန်ကုန်မြို့သို့ သွားရောက်ကာ ဗဟိုအဆင့်ပြိုင်ပွဲကို ဆက်လက် ယှဉ်ပြိုင်ကာ ပထမဆု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အေးမြကရုဏာ ဓမ္မရိပ်သာ စာသင်တိုက်ကို ၂၀၁၈ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး သုတစုံလင် ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် ရှမ်းပြည်နယ်မှ အေးမြကရုဏာ ဓမ္မစကူးလ် က ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယခုနှစ်တွင် အေးမြကရုဏာ ဓမ္မစကူးလ်နှင့် မဟာဓမ္မိကာရာမ ဓမ္မစကူးလ်တို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Pages