.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၄ ရက်
.
SBS ရဲ့ ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ My
Royal Nemesis မှာ ပါဝင်သရုပ်ဆောင်နေတဲ့ မင်းသမီး ဟောင်ရီဆိုး က
သူမနဲ့ မင်းသား ဟိုနန်ဂျွန်း အကြား ထွက်ပေါ်နေတဲ့ အချစ်ရေး ကောလာဟလတွေကို
ကိုယ်တိုင် ထွက်ပြီး ဖြေရှင်းလိုက်ပါတယ်။
.
.ပြီးခဲ့တဲ့ ရက်တွေမှာ ဟောင်ရီဆိုးက
ဟိုနန်ဂျွန်းရဲ့ ရင်းနှီးတဲ့မိတ်ဆွေတွေနဲ့ တွဲသွားတွဲလာ လုပ်နေတာကို ပရိသတ်တွေ
သတိပြုမိခဲ့ကြပြီးတဲ့နောက် သူတို့နှစ်ယောက် တွဲနေပြီဆိုတဲ့သတင်းတွေ ထွက်လာတာလည်း
ဖြစ်ပါတယ်။
.
ဒီနှစ်ယောက်က The Royal Nemesis ထဲမှာ အတူပါဝင်နေတဲ့ သရုပ်ဆောင်တွေဖြစ်ကြပြီး ဟောင်ရီဆိုးက ဇာတ်ကားထဲမှာ
ဟိုနန်ဂျွန်းရဲ့အတွင်းရေးမှူးအဖြစ် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။
.
ဇွန်လ ၁၃ ရက်နေ့မှာတော့ ဟောင်ရီဆိုးက
သူမရဲ့အင်စတာဂရမ်ကနေ ကောလာဟလတွေကို ငြင်းဆိုခဲ့ပြီး သူတို့နှစ်ဦးက
တက္ကသိုလ်တက်ချိန်ကတည်းက ရင်းနှီးခဲ့တဲ့မိတ်ဆွေတွေသာဖြစ်ကြောင်း ရှင်းလင်းပြောဆို ခဲ့တာပါ။
.
ဟောင်ရီဆိုး ရေးသားခဲ့တာကတော့ “ဟယ်လို ကျွန်မ ဟောင်ရီဆိုး ပါ။ မကြာသေးခင်က ကျွန်မနဲ့ ပတ်သက်ပြီး
ပျံ့နှံ့နေတဲ့ သတင်းတချို့ကြောင့် ဒီစာကို ရေးတင်လိုက်တာပါ။ လက်ရှိပြောနေကြတဲ့
သရုပ်ဆောင်အကြောင်းနဲ့ ပတ်သက်ပြီး ပြောရရင် ကျွန်မတို့က တက္ကသိုလ်တက်တုန်းက
အတန်းအတူတူ တက်ပြီး ခင်မင်လာတဲ့ မိတ်ဆွေတွေသာဖြစ်ပြီး ချစ်သူတွေဆိုတာ
လုံးဝမမှန်ပါဘူး။ အစပိုင်းမှာ ကျွန်မ ထုတ်ပြောလိုက်ရင် နားလည်မှုတွေ
ပိုလွဲသွားမလားဆိုပြီး မပြောဘဲ နေခဲ့ပေမဲ့ ဆက်တိုက်ထွက်လာတဲ့ စကားတွေက
တစ်ဖက်သားအပေါ် ထိခိုက်စေနိုင်တယ်လို့ ထင်တဲ့အတွက် ကိုယ်တိုင်ရှင်းပြဖို့
ဆုံးဖြတ်လိုက် တာပါ။
.
လက်ရှိပျံ့နှံ့နေတဲ့ အချစ်ရေးသတင်းတွေရော၊
ဇာတ်လမ်းတွဲနဲ့ဆက်စပ်ပြီး ထွက်နေတဲ့သတင်းတွေရောက အားလုံးမမှန်တာကြောင့်
စိုးရိမ်ဖို့မလိုပါဘူး။ နောက်ထပ် ထင်ကြေးပေး ခန့်မှန်းနေကြတာတွေကိုလည်း
ရှောင်ရှားပေးကြပါ။ အားလုံးပဲပျော်ရွှင်ပြီး အေးချမ်းတဲ့ပိတ်ရက်လေးဖြစ်ပါစေ” လို့
ဟောင်ရီဆိုး က ရေးသားသွားခဲ့တာဖြစ်ပါတယ်။
.
Source – Soompi
.

No comments:
Post a Comment