.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်
.
တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်တွင် ယမန်နေ့ ဇွန်လ
၁၅ ရက်၊ နေ့လယ်ပိုင်းက စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ ကို အမျိုးသားတစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး
တစ်ဦး ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။
.
.“ခရိုင် ဒ/န က ဖမ်းတာပါ။ တစ်ယောက်ကတော့ မမိသေးပါဘူး”
ဟု တာဝန်ရှိသူတစ်ဦးက ပြေသည်။
.
တောင်ကြီးခရိုင်ရဲတပ်ဖွဲ့၊ မှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့
ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ ဇွန်လ ၁၅ ရက်၊ နေ့လယ် ၁ နာရီခန့်က တောင်ကြီးမြို့၊
ကံကြီးရပ်ကွက်၊ နယ်မြေ (၃)၊ ဂနိုင်ရေးရွာ၊ မြတ်လေးလမ်းမပေါ်တွင် ပိတ်ဆို့စစ်ဆေး ရှာဖွေနေစဉ်
Denko ဆီဆိုင်ဘက်မှ YGW မိဘမဲ့ဂေဟာကျောင်းသို့
မသင်္ကာဖွယ် လူငယ် နှစ်ဦး စီးနင်းမောင်းနှင်လာသည့် နံပါတ်မပါ Click 125 (အနက်)ရောင် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ရှေ့မှ ဆိုင်ကယ်မောင်းနှင်သူမှာ
မောင်းနှင်ထွက်ပြေးသဖြင့် ဆိုင်ကယ်နောက်မှ လိုက်ပါလာသူ ခွန်ကျော်သက်ဦး (ခ) ငဲမောင်အား
လုံးထွေးဖမ်းဆီးခဲ့ရကြောင်း သိရသည်။
.
ထို့နောက် ဖမ်းဆီးရမိသူ ခွန်ကျော်သက်ဦး (ခ) ငဲမောင်အား
စစ်ဆေးရှာဖွေရာ ဆိုင်ကယ်မောင်းနှင် ထွက်ပြေး သွားသူမှာ ခွန်မောင်ဦး (ခ) တရေး ဆိုသူ
ဖြစ်ကြောင်း သိရပြီး ခွန်ကျော်သက်ဦး လွယ်ထားသည့် လွယ်အိတ်အတွင်းမှ အပြာရောင်ကပ်ခွာ
အိတ်များဖြင့် ထည့်ထားသည့် မူးယစ်ဆေးဝါး ဟု ယူဆရသော WY စာတမ်းပါ
လိမ္မော်ရောင် ဆေးပြား ၂၀၀ ပြားစီပါ ထုပ် ၂ ထုပ်၊ စုစုပေါင်းဆေးပြား ၄၀၀ ပြားအား ဖမ်းဆီးရမိ
ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ဆက်လက်ပြီး စစ်ဆေးမေးမြန်းချက်အရ အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများအား
တောင်ကြီးမြို့နယ်၊ ဖာမွန်းကျေးရွာအုပ်စု၊ ရေဖြူကျေးရွာနေ ဆိုင်ကယ်ဖြင့်
မောင်းနှင် ထွက်ပြေးသွားသူ ခွန်မောင်ဦး (ခ) တရေး ထံမှ ဝယ်ယူရရှိခဲ့သော
ပစ္စည်းများဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့ ၂ ဦးအား တောင်ကြီးမြို့မရဲစခန်းတွင် အမှုဖွင့်ကာ
ထွက်ပြေးတိမ်းရှောင်နေသူအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.

No comments:
Post a Comment