လားရှိုးတွင် အမျိုးသမီးတစ်ဦးကို ခင်ပွန်းက ပီနံကြိုးဖြင့် လည်ပင်းကိုဆောင့်ဆွဲရာမှ သေဆုံး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Tuesday, June 16, 2026

လားရှိုးတွင် အမျိုးသမီးတစ်ဦးကို ခင်ပွန်းက ပီနံကြိုးဖြင့် လည်ပင်းကိုဆောင့်ဆွဲရာမှ သေဆုံး

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် (၅) တွင် ဇွန်လ ၁၃ ရက်၊ ညပိုင်းက အမျိုးသမီးတစ်ဦးကို ၎င်း၏ ခင်ပွန်းဖြစ်သူက ဒေါသအလျောက် ပီနံကြိုးဖြင့် လည်ပင်းကို ဆောင့်ဆွဲရာမှ သေဆုံးမှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

.

.

သေဆုံးသူ အမျိုးသမီးမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်ဇာတိ ဖြစ်ပြီး ယမန်နေ့ ဇွန်လ ၁၅ ရက် တွင် ၎င်း၏ ရုပ်အလောင်းကို သင်္ဂြိုဟ်ခဲ့သည်ဟု သိရသည်။

.

“အဲဒါ အမှုဖွင့်ထားပါတယ်။ မိသားစု ဝိုင်းလုပ်တာ မဟုတ်ပါဘူး။ အမျိုးသမီးက ဆုံးသွားတော့ လည်ပင်း၊ ညာဘက်ပါးနဲ့ ဝဲ/ယာတင်ပါးမှာ အညိုကွက်တွေ ထွက်လာတယ်ဆိုလို့ ရဲစခန်းကိုခေါ်ပြီး ဆေးရုံပို့တယ်။ ဒဏ်ရာက မရှိဘူး။ အမဲကွက် ၄/၅ ခုပဲ တွေ့တယ်။ အဲဒါကြောင့် သေမှုသေခင်း ဖွင့်လိုက်တယ်။ နောက် သူတို့မိသားစုနဲ့ ပတ်ဝန်းကျင်ကို ခေါ်စစ်လိုက်တော့ သူယောက်ျားက ဝန်ခံပါတယ်” ဟု တာဝန်ရှိသူတစ်ဦး က ပြောသည်။

.

အဆိုပါ သေဆုံးသူ အမျိုးသမီးနှင့် ၎င်း၏ ခင်ပွန်း ဘရန်အောင် တို့သည် လားရှိုမြို့၊ ရပ်ကွက် (၅)တွင် အိမ်ခန်းငှားနေထိုင်သူ များဖြစ်ပြီး အမျိုးသမီးဖြစ်သူမှာ စိတ်မူမမှန်ရောဂါ ဖြစ်ပွားနေသူဖြစ်ကာ လွန်ခဲ့သည့် ရက် ၂၀ ခန့်ကတည်း က ည မအိပ်ဘဲ သောင်းကျန်းနေသဖြင့် ကွတ်ခိုင်မြို့ရှိ အမျိုးသမီး၏ ဆွေမျိုးများကို ခေါ်ယူကာ ကွတ်ခိုင်မြို့သို့ ဆေးကုသရန် ထည့်ပေးခဲ့ကြောင်း သိရသည်။

.

ထို့နောက် ကွတ်ခိုင်တွင် ပယောဂဆရာဖြင့် ဆေးကုသပြီးနောက် မသက်သာဖြင့် ဇွန်လ ၁၁ ရက်တွင် လားရှိုး မြို့သို့ ပြန်လည်ခေါ်‌ဆောင်လာပြီး ဖြစ်စဉ် ဖြစ်ပွားသည့်နေ့၊ ညနေ ၄ နာရီခန့်တွင် အမျိုးသမီးဖြစ်သူက သောင်းကျန်းကာ ပန်းကန်လုံးဖြင့် ပစ်ခတ်သဖြင့် ခင်ပွန်းဖြစ်သူ၏ ယာဘက် မျက်လုံးအောက်ကို ထိမှန်ကာ စိတ်တိုပြီး ဒေါသအလျောက် ဇနီးဖြစ်သူ၏ လည်ပင်းကို ပီနံကြိုးဖြင့် ဆောင့်ဆွဲကာ ဆံပင်ဆွဲ၍ ခုတင်စောင်း ဖြင့် ဦးခေါင်းကို ဆောင့်ခဲ့ခြင်းဖြစ်ကြောင်း ခင်ပွန်းဖြစ်သူက ဝန်ခံထွက်ဆိုထားသည်ဟု သိရသည်။

.

အဆိုပါ အမျိုးသမီး သေဆုံးမှုနှင့် ပတ်သက်၍ ခင်ပွန်းဖြစ်သူ ဘရန်အောင်ကို လားရှိုးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages