.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်
.
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်နဲ့ အီရန်တို့အကြား
ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ထိုးဖို့ ညှိနှိုင်းမှု
အောင်မြင်သွားပြီဆိုတဲ့အကြောင်း ကြေညာလိုက်ပါပြီ။
.
.အီရန်အစိုးရကလည်း ဒီကြေညာချက်ကို အတည်ပြုခဲ့ပြီး
၂၀၂၆၊ ဖေဖော်ဝါရီ ၂၈ က စလို့ အမေရိကန်နဲ့ အစ္စရေး ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့
စစ်ပွဲကို အဆုံးသတ်ကြောင်း ကြေညာချက်ကို ဒီနေ့ ဇွန်လ ၁၅ ရက်မှာ
ထုတ်ပြန်မှာဖြစ်တယ်လို့ အတည်ပြုလိုက်တာပါ။
.
ဒီကြေညာချက်ကို အမေရိကန်နဲ့ အီရန်အကြား
ကြားဝင်ညှိနှိုင်းပေးနေတဲ့ ပါကစ္စတန်ဝန်ကြီးချုပ်က အရင်ဆုံး ကြေညာခဲ့တာဖြစ်ပြီး
ဝန်ကြီးချုပ် ရှရစ်ဖ် က လက်ဘနွန်အပါအဝင် စစ်မျက်နှာအားလုံးမှာ စစ်ဆင်ရေးတွေကို
အပြီးအပိုင်ရပ်ဆိုင်းဖို့ သဘောတူညီမှု ရသွားပြီဖြစ်ကြောင်း ပြောကြားခဲ့တာပါ။
.
အဲဒီနောက်မှာတော့ ထရမ့်က
သူ့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ “အီရန်အစ္စလာမ်မစ်သမ္မတ နိုင်ငံနဲ့ သဘော တူညီချက်က
အခုအချိန်မှာ ပြီးပြည့်စုံသွားပြီ” လို့ ရေးသားလိုက်ပြီး အဲဒီသတင်းကို
အတည်ပြုပေးလိုက်တာ လည်း ဖြစ်ပါတယ်။
.
ဒီစာချုပ်မှာ ဟောမုဇ်ရေလက်ကြားကို
ပြန်ဖွင့်ပေးခြင်းနဲ့ အမေရိကန်ရေတပ်ရဲ့ပိတ်ဆို့မှုတွေကို ချက်ချင်း ရုပ်သိမ်းခြင်း
စတာတွေ ပါဝင်ပါတယ်။
.
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က
ထရမ့်ကို ဂုဏ်ပြုခဲ့ပြီး ဒီကြေညာချက်ဟာ ဒေါ်နယ်ထရမ့် ရဲ့ မွေးနေ့နဲ့
တိုက်ဆိုင်နေတဲ့အကြောင်း ပြောကြားခဲ့တာပါ။
.
“အမေရိကန်က ထူးခြားတဲ့ သတ္တိ၊ခွန်အား၊
ဟာသဉာဏ်တွေအပြင် နိုင်ငံကိုချစ်တဲ့ ခေါင်းဆောင်တစ်ဦးကို ပိုင်ဆိုင်ထားတာ
ကံကောင်းပါတယ်” လို့ ရူဘီယိုက X မှာ ရေးသားခဲ့တာပါ။
.
အီရန်ဖက်ကတော့ လက်ဘနွန်အပါအဝင်
စစ်မျက်နှာအသီးသီးက စစ်ရေးဆောင်ရွက်ချက်တွေကို ချက်ချင်း ရပ်ဆိုင်သွားမှာ ဖြစ်တဲ့အကြောင်းနဲ့
အမေရိကန်အနေနဲ့ ပေးထားတဲ့ ကတိကဝတ်တွေကို အမှန်တကယ် အကောင်အထည်ဖော်၊ မဖော်ကို
စစ်ဆေးအတည်ပြုပြီးမှသာ နောက်ဆုံးသဘောတူညီချက်အတွက် ဆွေးနွေးမှုတွေ
ပြုလုပ်သွားမှာဖြစ်တဲ့အကြောင်း ပြောထားတာပါ။
.
အမေရိကန်က အီရန်ကိုပေးထားတဲ့ ကတိတွေမှာတော့
စစ်ရေးအရ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းခြင်း၊ ရေတပ်ပိတ်ဆို့မှု ရုပ်သိမ်းခြင်း၊
ထိန်းသိမ်းထားတဲ့ အီရန်ပိုင် ငွေကြေးတွေ၊ ကုန်စည်တွေကို ပြန်လည် လွှဲပြောင်းပေးခြင်း
စတာတွေ ပါဝင်ပါတယ်။
.
အီရန်သတင်းအေဂျင်စီရဲ့ ဖော်ပြချက်အရတော့
သဘောတူညီချက် မူကြမ်းမှာ အချက် ၁၄ ချက် ပါဝင်ပြီး အဲဒီအချက်တွေထဲမှာ လက်ဘနွန်အပါအဝင်
စစ်မျက်နှာအားလုံးကို ချက်ချင်းရပ်ဆိုင်းခြင်း၊ ရက် ၃၀ အတွင်း ရေတပ်ပိတ်ဆို့မှုကို
အပြီးတိုင်ပြန်လည်ရုပ်သိမ်းခြင်း၊ အီရန်အနီးတဝိုက်မှာ ရှိတဲ့အမေရိကန်တပ်တွေ
ဆုတ်ခွာခြင်းနဲ့ ဟောမုဇ်ရေလက်ကြား ပြန်လည်ဖွင့်ပေးခြင်းတို့ ပါဝင်ပါတယ်။
.
ဒါ့အပြင် အီရန်ရဲ့ ရေနံရောင်းချမှုအပေါ်
ပိတ်ဆို့အရေးယူမှုတွေကို ဆိုင်းငံ့ခြင်း၊ အမေရိကန်သိမ်းဆည်း ထားတဲ့ အီရန်ပိုင်
ငွေကြေးနဲ့ကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ၂၄ ဘီလီယံကို ပြန်လည်လွှဲပြောင်းပေးခြင်း
စတာတွေလည်း ပါဝင်ပါသေးတယ်။
.
Source – BBC
.

No comments:
Post a Comment