တူနီးရှားကို ဂိုးမိုးရွာပြီး အုပ်စု F ကို ဦးဆောင်လိုက်တဲ့ ဆွီဒင် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 15, 2026

တူနီးရှားကို ဂိုးမိုးရွာပြီး အုပ်စု F ကို ဦးဆောင်လိုက်တဲ့ ဆွီဒင်

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅ ရက်

.

ဒီနေ့မနက် ၈-၃၀ မှာ ကစားခဲ့တဲ့ ဆွီဒင်နဲ့ တူနီးရှားတို့ရဲ့ ပွဲစဉ်မှာတော့ ဆွီဒင်ရဲ့ တိုက်စစ်အစွမ်းပြမှုနဲ့အတူ ၅-၁ ဆိုတဲ့ရလာဒ်နဲ့ ဆွီဒင်တို့ အနိုင်ရရှိသွားခဲ့ကြပါတယ်။

.

.

အုပ်စုတွင်းပြိုင်ဖက်တွေဖြစ်ကြတဲ့ နယ်သာလန်နဲ့ ဂျပန်တို့ အမှတ်ခွဲယူနေကြချိန်မှာ ၃ မှတ်အပြည့် ရသွား တာမို့ ဆွီဒင်အတွက်တော့ တော်တော်လေး ချိုမြိန်တဲ့နိုင်ပွဲဆိုရင်လည်း မမှားပါဘူး။

.

နယူးကာဆယ် တိုက်စစ်ကစားသမား အီလန်ဂါကတော့ ဒီပွဲမှာ အရန်ခုံထိုင်ခဲ့ရပြီး ဆွီဒင်နည်းပြ ဂရေဟမ် ပေါ်တာက ၄-၄-၂ ပုံစံနဲ့ ဒီပွဲကို ချဉ်းကပ်ခဲ့ပါတယ်။

.

အီဆက်၊ ယော်ကရက်စ် တို့ရဲ့တိုက်စစ်နဲ့ ပွဲထွက်လာခဲ့တဲ့ ဆွီဒင်က ပွဲအစ ၇ မိနစ်မှာတင်ပဲ အဖွင့်ဂိုးရခဲ့ တာပါ။ ဘရိုက်တန်ကွင်းလယ်လူ အာရာယီ က ဆွီဒင်အတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့တာဖြစ်ပြီး တူနီးရှားကတော့ နောက်ကလိုက်ကစားခဲ့ရတာပါ။

.

တူနီးရှားက ဆွီဒင်ကို အပြန်အလှန် ကစားနိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ တိုက်စစ်က အလုပ်မဖြစ်တဲ့အပြင် ခံစစ် ကလည်း ပေါက်နေတာမို့ ပွဲချိန် ၃၀ မိနစ်မှာ အီဆက်ရဲ့ ဒုတိယမြောက်သွင်းဂိုးကို ထပ်ပြီး ခွင့်ပြုလိုက်ရ ပါတယ်။

.

ပထမပိုင်းပြီးခါနီး ပွဲချိန် ၄၃ မိနစ်မှာတော့ တူနီးရှားဖက်က ချေပဂိုးရသွားခဲ့ပြီး ရာမီ ခီဒီယာ က သွင်းယူပေးသွားခဲ့တာပါ။

.

ပွဲချိန် ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံး ကစားပုံ ပိုသွက်လာကြသလို တိုက်စစ်ဖွင့်ကစားနေတဲ့ ကစားပုံ ကြောင့် ပွဲက ကြည့်ကောင်းခဲ့တာပါ။ ကမ္ဘာ့ဖလားခြေစစ်ပွဲတုန်းက အလုပ်မဖြစ်ခဲ့တဲ့ ဆွီဒင်ရဲ့တိုက်စစ်က ဒီပွဲမှာတော့ အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့ပြီး ပွဲချိန် ၅၉ မိနစ်မှာ ယော်ကရက်စ်၊ ပွဲချိန် ၈၄ မိနစ်မှာ ဆဗန်ဘတ်နဲ့ ပွဲပြီးခါနီး နောက်ဆုံးမိနစ်မှာ ဒီနေ့ပွဲစဉ်ရဲ့အကောင်းဆုံး ကစားသမားဖြစ်ခဲ့တဲ့ အာယာရီ က နောက်ထပ်တစ်ဂိုး ထပ်သွင်းပေးသွားခဲ့လို့ ပွဲအပြီးမှာ ဆွီဒင်တို့ ၅-၁ ဆိုတဲ့ရလာဒ်နဲ့ အနိုင်ရသွားခဲ့တာလည်း ဖြစ်ပါတယ်။

.

No comments:

Post a Comment

Pages