အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ဟောမုဇ်ရေလက်ကြားကို အီရန်ပြန်ပိတ် - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, June 21, 2026

အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ဟောမုဇ်ရေလက်ကြားကို အီရန်ပြန်ပိတ်

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၁ ရက်

.

အစ္စရေးရဲ့ လက်ဘနွန်အပေါ် ဆက်လက် တိုက်ခိုက်နေမှု တွေကြောင့် ဟောမုဇ်ရေလက်ကြားကို ပြန်ပိတ်လိုက်ပြီဆိုတဲ့အကြောင်း အီရန်ဖက်က ကြေညာလိုက်ပါတယ်။

.


.

အမေရိကန်နဲ့ အီရန်တို့ရဲ့ သဘောတူညီမှုတွေအရ အီရန်က ဟောမုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးခဲ့တာ ဖြစ်ပေမဲ့ သူတို့ရဲ့မဟာမိတ် ဟစ်ဇ်ဘိုလာတွေအပေါ် ဆက်လက်တိုက်ခိုက်နေတဲ့ အစ္စရေးရဲ့ လှုပ်ရှားမှု တွေကြောင့် လက်ရှိအချိန်မှာတော့ ဟောမုဇ်က ပြန်ပိတ်သွားခဲ့ပြန်ပါပြီ။

.

အမေရိကန်နဲ့ ရယူထားတဲ့ သဘောတူညီမှုတွေထဲမှာ လက်ဘနွန်အပါအဝင် အရှေ့အလယ်ပိုင်းဒေသ တစ်ခုလုံးမှာ တိုက်ခိုက်မှုတွေ ရပ်စဲရမယ်လို့ ထည့်သွင်းထားပေမဲ့ အစ္စရေးဖက်ကတော့ လက်ဘနွန်အပေါ် တိုက်ခိုက်မှုတွေ ဆက်လုပ်နေခဲ့တာမို့ အခုလို တုံ့ပြန်ခဲ့တာ ဖြစ်တဲ့အကြောင်း အီရန်က ထုတ်ပြန်ထားတာပါ။

.

အမေရိကန်ဖက်ကတော့ ဟောမုဇ်ရေလက်ကြားမှာ သင်္ဘောအသွားအလာက ပုံမှန်အတိုင်းဆက်ရှိနေ ကြောင်းနဲ့ ပြောင်းလဲမှုတွေမရှိသေးတဲ့အကြောင်း မီဒီယာတွေဆီ အသိပေးထားပါတယ်။ အမေရိကန် စစ်သင်္ဘောတွေအနေနဲ့ ဟောမုဇ်ရေလက်ကြားကို စောင့်ကြည့်မှုတွေ ပြုလုပ်နေပြီး အီရန်အနေနဲ့ ရေလက်ကြားကို ထိန်းချုပ်နေတာမျိုး မရှိသေးကြောင်း အမေရိကန် စစ်ဖက်က ပြောထားတာပါ။

.

လက်ရှိမှာတော့ အမေရိကန် ဒုသမ္မတ ဗန့်စ်က အမေရိကန်-အီရန် တိုက်ရိုက်ဆွေးနွေးပွဲမှာ ပါဝင်ဖို့အတွက် ဆွစ်ဇာလန်နိုင်ငံကို ထွက်ခွာသွားခဲ့ပြီး ပါကစ္စတန်ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေလည်း ဆွစ်ဇာလန်ကို ရောက်နေကြပါပြီ။ အစ္စရေးက လက်ဘနွန်အပေါ် ဆက်လက်တိုက်ခိုက်မှုတွေလုပ်နေတဲ့အပေါ်မှာလည်း ညှိနှိုင်းပေးနေတဲ့အကြောင်းနဲ့ တိုးတက်မှုတွေက နှေးကွေးနေတာဖြစ်တဲ့အကြောင်း ဗန့်စ်က ဆိုပါတယ်။

.

အီရန်ဖက်ကတော့ ဆွစ်ဇာလန်ဆွေးနွေးပွဲမှာ အမေရိကန်ရဲ့ ကတိကဝတ်တွေကို အတိအကျ လိုက်နာအောင် တောင်းဆိုသွားမယ့် အကြောင်းနဲ့ အစ္စရေးရဲ့ တိုက်ခိုက်နေမှုတွေကိုပါ ထည့်သွင်းဆွေးနွေးသွားမယ့် အကြောင်း ပြောဆိုထားပါတယ်။

.

Source – BBC

.

No comments:

Post a Comment

Pages