စလော့ဂိမ်းကစားနေသူ အမျိုးသား ၂ ဦးကို ဖမ်းဆီး - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Monday, June 22, 2026

စလော့ဂိမ်းကစားနေသူ အမျိုးသား ၂ ဦးကို ဖမ်းဆီး

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်

.

ရှမ်းပြည်နယ်‌တောင်ပိုင်း၊ ကလောမြို့တွင် ဇွန်လ ၁၉ ရက်၊ ညပိုင်းက အွန်လိုင်းစလော့ဂိမ်း ကစားနေသူ အမျိုးသား ၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

.

.

ကလောမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇွန်လ ၁၉ ရက်၊ ည ၇ နာရီခန့်က လှည့်ကင်းဆောင်ရွက်နေစဉ် ကလောမြို့၊ ရပ်ကွက် (၇)၊ ဗောဓိကုန်းဘုန်းကြီးကျောင်း အနီးတွင် အမျိုးသား ၂ ဦးအား စစ်ဆေးရာ စလော့ ဂိမ်း ဆော့နေကြောင်း တွေ့ရှိသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ တရားမဝင် အွန်လိုင်းလောင်းကစားပြုလုပ်သူ အမျိုးသား ၂ ဦး အောင်ပန်းနယ်မြေ ရဲစခန်းတွင် လောင်းကစားဥပဒေ ဖြင့် အမှုဖွင့်အရေးယူ ‌ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

အလားတူ ယင်းနေ့ညတွင်ပင် ကလောမြို့နယ်၊ အောင်ပန်းမြို့၌ အမျိုးသားတစ်ဦးအား လက်ကိုင်ဖုန်းအတွင်း စလောဂိမ်း တွေ့ရှိမှုဖြင့် ဖမ်းဆီးခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။

.

No comments:

Post a Comment

Pages