အောင်ပန်းတွင် လက်ကိုင်ဖုန်းအတွင်း အွန်လိုင်း Slot ဂိမ်း တွေ့ရှိသည့် အမျိုးသား အဖမ်းခံရ - Kanbawza Tai News

Kanbawza Tai News

www.kbztainews.com

Breaking

Sunday, June 21, 2026

အောင်ပန်းတွင် လက်ကိုင်ဖုန်းအတွင်း အွန်လိုင်း Slot ဂိမ်း တွေ့ရှိသည့် အမျိုးသား အဖမ်းခံရ

.

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၁ ရက်

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ဇွန်လ ၁၉ ရက်၊ ညပိုင်းက လက်ကိုင်ဖုန်း အတွင်း အွန်လိုင်း Slot လောင်းကစားဂိမ်း တွေ့ရှိသည့် အမျိုးသားတစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

.

.

အောင်ပန်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇွန်လ ၁၉ ရက်၊ ည ၇ နာရီခွဲခန့်က အောင်ပန်းမြို့ပေါ်တွင် လှည့်ကင်းဆောင်ရွက်နေစဉ် လွယ်မောဆည် ကန်ဘောင်လမ်းမပေါ်တွင် လွယ်မော ကျေးရွာဘက်မှ အေးမြင့်သာယာ အမှတ် (၃) ရပ်ကွက်ဘက်သို့ လမ်းလျှောက်လာသူ အမျိုးသားတစ်ဦးအား ရပ်တန့်စစ်ဆေး ရှာဖွေရာ ၎င်းကိုင်ဆောင်ထားသည့် လက်ကိုင်ဖုန်းအတွင်းမှ Blue Water Fish Slot ဂိမ်း လောင်းကစား ဆော့ဝဲနှင့်အတူ အွန်လိုင်းလောင်းကစား ပြုလုပ်ပြီး ငွေအသွင်း/အထုတ် ပြုထုပ်ထားကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ တရားမဝင် အွန်လိုင်းလောင်းကစားပြုလုပ်သူ အမျိုးသားအား အောင်ပန်းနယ်မြေ ရဲစခန်းတွင် လောင်းကစားဥပဒေ ပုဒ်မ-၁၅ (က) ဖြင့် အမှုဖွင့်အရေးယူ ‌ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

No comments:

Post a Comment

Pages