.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်
.
မနေ့ညက ကစားခဲ့တဲ့ ပြင်သစ်နဲ့
အီရတ်တို့ပွဲစဉ်မှာ တိုက်စစ်မှူး ဘက်ပီရဲ့သွင်းဂိုးတွေနဲ့အတူ ပြင်သစ်တို့ အနိုင်ရပြီး
နောက်တစ်ဆင့်တက်သွားခဲ့ပါပြီ။ ဒီပွဲက ရာသီဥတုဆိုးရွားမှုကြောင့် အချိန် ၂
နာရီလောက် ရပ်နားခဲ့ရတဲ့ ၂၀၂၆ ကမ္ဘာ့ဖလားရဲ့ ပထမဆုံးပွဲလည်း ဖြစ်လာခဲ့တာပါ။
.
.ပထမပိုင်းပွဲချိန် ၁၄ မိနစ်ကတည်းက
ဘက်ပီရဲ့သွင်းဂိုးနဲ့ ပြင်သစ်တို့ ဦးဆောင်နေခဲ့ပြီး ပွဲကို လိုသလို
ထိန်းချုပ်ကစားနေခဲ့တာပါ။ ညာခြမ်းကနေ တိုက်စစ်ဆင်လာတဲ့ အိုလစ်ဆီရဲ့ ပေးပို့မှုကနေ
ဘက်ပီက ဘောလုံးလက်ခံပြီး ပင်နယ်တီဧရိယာအစပ်ကနေ အပြင်းကန်သွင်းခဲ့တာဖြစ်ပါတယ်။
.
ပွဲချိန် ၅၄ မိနစ်မှာတော့ ဒမ်ဘီလီ
ပို့ပေးတဲ့ဘောလုံးကို ဘက်ပီက အလွယ်တကူပိတ်သွင်းပြီး ဒုတိယဂိုး ရခဲ့တာပါ။ နောက်ထပ်
၁၂ မိနစ်အကြာမှာတော့ အိုလစ်ဆီရဲ့ ပေးပို့မှုကနေ တစ်ဆင့် ဒမ်ဘီလီက ပြင်သစ်အတွက်
တတိယဂိုးသွင်းပေးခဲ့တာဖြစ်ပါတယ်။
.
ဒီနေ့ပွဲမှာ ပွဲထက်ပိုပြီး
စိတ်ဝင်စားဖို့ကောင်းတာက ရာသီဥတုအခြေအနေဖြစ်ခဲ့ပြီး ပထမပိုင်း ပြီးသွားတဲ့ အချိန်မှာ
မိုးသည်းလာပြီး လျှပ်စီးတွေပါ လက်လာခဲ့တာကြောင့် ပရိသတ်တွေကို ကွင်းထဲက အမိုးအကာ ရှိတဲ့နေရာတွေကို
ရွှေ့ပြောင်းနေဖို့ ညွှန်ကြားခဲ့ရတာပါ။
.
ကစားသမားတွေက တစ်နာရီနဲ့ မိနစ် ၄၀
လောက်ကြာပြီးတဲ့နောက်မှာမှ ကွင်းထဲကို ပြန်ဝင်ပြီး သွေးပူ လေ့ကျင့်ခန်းတွေ
လုပ်နိုင်ခဲ့ကြတာပါ။ အဲဒီနောက်မှာလည်း ကွင်းထဲမှာ ဝပ်နေတဲ့ရေတွေကို ကွင်းဝန်ထမ်း တွေက
ဖယ်ရှားနေရတဲ့အတွက် ပွဲပြန်စဖို့အချိန်က ထပ်ပြီး နောက်ကျနေခဲ့တာဖြစ်ပါတယ်။
.
ဘက်ပီကတော့ ညကပွဲမှာ သွင်းယူနိုင်ခဲ့တဲ့
သွင်းဂိုး ၂ ဂိုးကြောင့် စုစုပေါင်း ကမ္ဘာ့ဖလားသွင်းဂိုး ၁၆ ဂိုး ရရှိသွားခဲ့ပြိး
ကလိုဆေးရဲ့စံချိန်နဲ့ တူညီသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အစောပိုင်းပွဲမှာ မက်ဆီက
ဩစတြီးယားဖက်ကို ၂ ဂိုးသွင်းသွားတာမို့ ကမ္ဘာ့ဖလားသွင်းဂိုး ၁၈ ဂိုးအထိ မက်ဆီက
ရရှိသွားခဲ့ပြီး စံချိန်သစ် တင်နိုင်ခဲ့တာပါ။
.
ပြင်သစ်အသင်းက အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ်
လာမယ့်သောကြာနေ့မှာ နော်ဝေအသင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။
.

No comments:
Post a Comment