.
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်
.
မလက်ကာရေလက်ကြားမှာ
အင်ဂျင်ချို့ယွင်းသွားခဲ့ရာကနေ ပင်လယ်ပြင်ထဲ ၉ ရက်ကြာ မျောပါနေခဲ့ကြတဲ့
အင်ဒိုနီးရှားငါးဖမ်းသမား ၄ ဦးကို ထိုင်းနိုင်ငံ စတန်ပြည်နယ်ရဲ့ကမ်းလွန်ရေပြင်မှာ
ကယ်ဆယ်နိုင်ခဲ့တဲ့ အကြောင်း ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်လိုက်ပါတယ်။
.
.ဒီ ငါးဖမ်းလှေပေါ်မှာ လူ ၆ ဦးပါလာကြတာဖြစ်ပြီး
အခြားငါးဖမ်းသမား ၂ ဦးက အကူအညီရှာဖွေဖို့အတွက် လှေကနေ ရေကူးထွက်ခွာသွားခဲ့ကြတာပါ။
သူတို့ကိုလည်း မလေးရှားသင်္ဘောတစ်စီးက ကယ်ဆယ်နိုင်ခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံဆီ
ပြန်လည်ပို့ဆောင်ပေးခဲ့ကြပါတယ်။
.
သူတို့နှစ်ဦး ထွက်သွားတဲ့နောက် ကျန်ရှိနေတဲ့
ငါးဖမ်းသမား ၄ ဦးက စက်လှေနဲ့အတူ ဆက်လက်မျောပါနေခဲ့ ကြပြီး ၉ ရက်အကြာမှာ
ထိုင်းရေပိုင်နက်ထဲကို ရောက်လာခဲ့ကြတာပါ။
.
ထိုင်းဒေသခံငါးဖမ်းသမားတွေက ကို့အဒန်းကျွန်းကနေ
ရေမိုင် ၁၃ မိုင်အကွာမှာ လူတချို့ရေထဲမျောပါနေပြီး အကူအညီတောင်းနေတာကို
တွေ့မြင်ရတာကနေတစ်ဆင့် အာဏာပိုင်တွေဆီ သတင်းပို့ခဲ့ကြတာ ဖြစ်ပါတယ်။
.
ငါးဖမ်းသမားတွေရဲ့ပြောကြားချက်အရတော့
စက်ပျက်သွားတဲ့အချိန်မှာ အင်ဒိုနီးရှားနိုင်ငံဖက် ပြန်လှည့်ဖို့
ကြိုးပမ်းတဲ့အနေနဲ့ အိတ်တွေကို ချုပ်ဆက်ပြီး ယာယီရွက်တိုင်တစ်ခု ပြုလုပ်ခဲ့ကြပေမဲ့
လေပြင်းတွေကြောင့် စက်လှေက တောင်ဘက်ဆီ မသွားဘဲ မြောက်ဘက်ကို ရောက်လာခဲ့ရာကနေ
ထိုင်းရေပိုင်နက်ထဲ ဝင်ရောက် လာခဲ့ကြတာလို့ သိရပါတယ်။
.
လှေမျောပါနေစဉ်အတွင်းမှာ
ထိုင်းငါးဖမ်းလှေတချို့နဲ့တွေ့ ခဲ့ကြပေမဲ့လည်း တရားမဝင် ဝင်ရောက်လာသူ တွေ၊
ဒါမှမဟုတ် ပင်လယ်ဓားပြတွေဖြစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် လှေပေါ်ကို
ခေါ်ဆောင်သွား တာမျိုး မလုပ်ကြဘဲ အစားအသောက်နဲ့ရေကိုပဲ ပေးခဲ့ကြတာပါ။
.
စတန်ပြည်နယ်အုပ်ချုပ်ရေးမှူ ကာနစ် က လက်ရှိမှာ
ပင်လယ်ပြင်အခြေအနေ ငြိမ်သက်လာတဲ့အထိ ငါးဖမ်းသမားတွေနဲ့ သူတို့ရဲ့လှေကို
ထိန်းသိမ်းပေးထားကြောင်းနဲ့ စက်လှေပြင်ဆင်ပေးပြီးသွားရင် ပြန်လည် ထွက်ခွာမှာဖြစ်တဲ့အကြောင်း
ပြောဆိုသွားခဲ့ပါတယ်။
.
Source – Bangkok Post
.

No comments:
Post a Comment